Chapter 399

321 30 0
                                    

စာစဉ် 27 Chapter 399 ကျင့်ကြံရေး လမ်းစဉ်နှင့်အတူ လျှောက်လှမ်းခြင်း

*မသိတတ်လိုက်တာ*

*ခရီးသည်အားလုံးက အဲ့လောက် မသိနားမလည် ဖြစ်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ပညာမရှိလိုက်တဲ့လူတွေ၊ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်*

ရဲ့လင်းချန်သည် သူ့ဘေးမှ မိန်းမပျိုကို ထပ်ကြည့်လိုက်သည်။ ထိုမျက်မှန်အောက်မှနေ၍ သူ့အား သရော်နေသော အကြည့်အား ခံစားမိနေသည်။ သူ ဒေါသထွက်သလို ခံစားလိုက်ရသည်။

*မင်းက ဘာတွေ အဲ့လောက် မာန်တက်နေတာလဲ၊ မင်းကိုယ်မင်း အနုပညာရှင်လို့ ထင်နေတာလား၊ မင်း မျက်မှန်ကို ချွတ်လိုက်ရင်တောင် မင်းကို သိမယ့်လူက ပိုနည်းမှာပဲ*

မကျေမနပ် ခံစားလိုက်ရပြီးနောက် ရဲ့လင်းချန် မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ သူ့အာရုံက စနစ်သို့ ရောက်သွားသည်။

သူ့တွင် ရေပန်းစားမှုအမှတ် ၄၆၀၀၀၀ နီးပါး ရှိသဖြင့် သူ့စွမ်းရည်များအား လေးကြိမ် အဆင့်မြှင့်နိုင်ပေသည်။ လတ်တလော သူ့၌ လုပ်စရာ ဘာမှမရှိသဖြင့် ယင်းတို့ကို သုံးလိုက်သည်က ပိုကောင်းပေမည်။

ရဲ့လင်းချန် စိတ်အားထက်သန်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်လိုက်မိသည်။ သူ့စွမ်းရည်များကို အဆင့်မြှင့်မှသာလျင် သူ ပို၍ သန်မာလာမည် ဖြစ်ပြီး ပို၍ ဘေးကင်းလုံခြုံလာပေမည်။

*ကဲ ... ဒါဆိုရင် စလိုက်ကြတာပေါ့*

သူသည် တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များစာရင်းကို ကြည့်နေသည်။

လက်ရေးလှပညာ၊ အနှိပ်ပညာ၊ ဗိသုကာပညာ၊ ချီသန့်စင်မှု၊ အနောက်တိုင်း ဆေးပညာ၊ လယ်ယာစိုက်ပျိုးခြင်း၊ ရေကူးခြင်း၊ ဒက်ချ်ဘာသာစကား၊ ရုရှားဘာသာစကား၊ တူရကီဘာသာစကား ...

ချီသန့်စင်မှုကို အဆင့်မြှင့်နိုင်ရန် သူ ပို၍ တောင့်တမိသည်။ ယခုအချိန်၌ ချီသန့်စင်မှုသာလျင် သူ၏ ခန္ဓာကိုယ် အခြေအနေကို တိုးတက်စေနိုင်ပေမည်။ အကျိုးသက်ရောက်မှုက ကောင်းသော်လည်း ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည်တော့ မဟုတ်ပါ။ အကယ်၍ ၎င်းကို အဆင့်မြှင့်နိုင်ပါက သူ တကယ် ကျင့်ကြံနိုင်စွမ်း ရှိလောက်သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Kde žijí příběhy. Začni objevovat