Chapter 201

1.5K 88 1
                                    

စာစဉ် 14 Chapter 201 ပုံပြင်အသစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခြင်း

အချိန်အားဖြင့် ညနေ ငါးနာရီသို့ ရောက်နေပြီဖြစ်ပြီး တိုက်ရိုက် ထုတ်လွှင့်မှု စတင်ရန် နှစ်နာရီသာ လိုတော့သည်။

ပန်ဒါ ထုတ်လွှင့်ရေးတွင် လူအရေအတွက်က ရုတ်ချည်းဆိုသလို တိုးမြင့်လျက် ရှိသည်။ ရုံးဝန်ထမ်းများသည် ရုံးဆင်းသည်နှင့် ချက်ချင်း ကွန်ပျူတာများကို ဖွင့်၍ တိုက်ရိုက် ထုတ်လွှင့်မှုကို စောင့်နေကြသည်။

ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် အရေအတွက်က တစ်သန်းသို့ ရောက်သွား လေသည်။

ညနေ ခြောက်နာရီသို့ ရောက်လာလေပြီ။

လူအရေအတွက်က နှစ်သန်း ကျော်သွားလေ၏။

ထို့အပြင် ပန်ဒါ ထုတ်လွှင့်ရေး၏ အက်ပ်ပလီကေးရှင်းအား download လုပ်သူက စုစုပေါင်း ၂၅၀,၀၀၀ သို့ ရောက်သွားခဲ့သည်။

ထုတ်လွှင့်မှုက မစရသေးသော်လည်း မရေတွက်နိုင်သော စာတိုများနှင့် မှတ်ချက်များ ပလူပျံနေလေပြီ။

[ဝိုင်နတ်ဘုရား မြန်မြန် ထွက်လာပါတော့၊ ငါ မင်းအကြောင်း တွေးရင်း သေတော့မယ်]

[Y-God, come out quick! I'm going to die thinking of you!]

[အား .... စိတ်လှုပ်ရှားလိုက်တာ၊ အားလုံးကို မျှော်လင့်နေမိပြီ၊ ဝိုင်နတ်ဘုရားက အချိန်ဇယားထက် စောပြီး ထုတ်လွှင့်လို့ မရဘူးလား]

[ဒီနေ့ ဝိုင်နတ်ဘုရား ဘာကို တိုက်ရိုက် ထုတ်လွှင့်မလဲဆိုတာကို ဘယ်သူ ခန့်မှန်းနိုင်မလဲ၊ ခန့်မှန်းနိုင်တဲ့သူကို ဆုချကြေး၊ သူ နောက်ထပ် ပုံပြင်ကောင်းတစ်ပုဒ်ကို ယူဆောင်လာမှာလား]

[ချီးပဲ ကိုယ့်လူရေ၊ ဝိုင်နတ်ဘုရားရဲ့ ကျော်ကြားမှုက အံ့ဩစရာ ကောင်းနေတုန်းပဲ၊ ဒီမှာ အဲ့လောက် လူအများကြီး ရောက်နေပြီလား]
[ငါ အရှေ့မှ ပေါက်ပေါက်ဆုပ် ချထားလိုက်ပြီ၊ ဝိုင်နတ်ဘုရားရဲ့ ပုံပြင်ကို နားထောင်တာက ရုပ်ရှင်ကား တစ်ကား ကြည့်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ်]

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now