Chapter 291

501 59 9
                                    

စာစဉ် 20 Chapter 291 စင်မြင့်အား သိမ်းပိုက်ခြင်း

ထိုအခိုက်တွင် အခြားခရိုင်များတွင် ခြားနားသော စိတ်အခြေအနေ ရှိနေကြသည်။ သူတို့က ပြုံးနေလေသည်။

"မြို့တော်အသင်းအတွက် တစ်ပွဲပဲ ကျန်တော့တယ်၊ ဘုရားသခင် ငါတို့ကို ကောင်းချီးပေးပြီး သူတို့နဲ့ ကျအောင် လုပ်ဆောင်ပေးနိုင်ပါစေ"

"အခုလာမယ့်ပွဲကတော့ အကြိတ်အနယ်ပဲ၊ မြို့တော်နဲ့ တွဲကျမယ့် ဘယ်သူမဆို အခုပွဲရဲ့ အမှတ်ပိုကို ရတော့မှာပဲ"

"ဒီအဆင့်အထိ ရောက်လာတဲ့လူတွေထဲမှာ အဲ့တစ်ယောက်ကလွဲရင် အားလုံးက အတော်ဆုံးတွေပဲ၊ နောက်တစ်ပွဲမှာ သူနဲ့တွေ့တဲ့ သူကတော့ တကယ်ကို ကံကောင်းတာပဲ"

သူတို့အားလုံးသည် ကွန်ပျူတာအား ဝင်းလက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ ခေါင်းထဲ၌ အတွေးပေါင်းစုံ ဖြတ်ပြေးနေပြီး ရလဒ်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေ၏။

မြို့တော်ဘက်တွင်မူ လူတိုင်း၏ မျက်နှာတွင် စိတ်မချမ်းမြေ့သော အမူအရာ ပေါ်လွင်နေသည်။ မြို့တော်သည် ဘယ်နေရာသွားသွား အမြဲ ဂုဏ်ယူခဲ့ရပြီး အံ့ဩစရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံက သူတို့ကို အရူးလုပ်ခဲ့ပြီး လူတိုင်း၏ မျက်လုံးထဲတွင် သူတို့အား အလွယ်တကူ အကျိုးအမြတ်ရမည့် အရာတစ်ခုကို မြင်ယောင်အောင် လုပ်ခဲ့လေပြီ။

နောက်ဆုံးတွင် ကွန်ပျူတာ ဖန်သားပြင်က ရပ်တန့်သွားသည်။

လူတိုင်း၏ အာရုံက ပြိုင်တူ စူးစိုက်လာပြီး မျက်လုံးများ ကစား၍ မြို့တော်ဟူသော စာလုံးကို အသည်းအသန် လိုက်ရှာကြသည်။

သို့သော် မြို့တော်ကို ဘယ်နေရာမှာမှ မမြင်ရချေ။

*ဒါက...*

"ကြည့်ရတာ ဒီတစ်ပွဲမှာ ကံကောင်းသွားတယ်နဲ့ တူတယ်"

တစ်ယောက်ယောက် မေးခွန်းထုတ်လာသည်ကို မစောင့်ဘဲ တင်ဆက်သူက စတင်၍ ရှင်းပြလေသည်။

"ခရိုင်နဲ့ မြို့ကြီး ဆယ့်သုံးခု ကျန်နေခဲ့ပင်မယ့် ဆယ့်နှစ်ခုပဲ ယှဉ်ပြိုင်ရပါမယ်၊ အပိုဖြစ်နေတဲ့ ခရိုင်တစ်ခုကတော့ ဒီတစ်ပွဲမှာ ဝင်ပြိုင်စရာ မလိုဘဲ နောက်တစ်ဆင့်ကို အလိုလို တက်နိုင်ပါမယ်ခင်ဗျာ။ တစ်ခါတလေ ကံကောင်းခြင်း ကလည်း အားသာချက်တစ်ခုပဲလို့ ပြောရမှာပဲဗျ"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now