Chapter 267

535 50 2
                                    

စာစဉ် 18 Chapter 267 မိဘများ ထိတ်လန့်သွားခြင်း

"ငါ့တူလေး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ ငါ မင်းကို သုံးခွက် ငှဲ့ပေးပါ့မယ်"

လွီယန်က ရဲ့လင်းချန်ကို ကြည့်၍ ပြောလိုက်သည်။

"ချီအာ၊ မင်း ဘာလို့ ငိုင်ပြီး ကြည့်နေသေးတာလဲ၊ လင်းချန်အတွက် လက်ဖက်ရည် မြန်မြန် ငှဲ့ပေးလိုက်လေ၊ မင်းတို့ နှစ်ယောက်လုံး ငယ်ငယ်တုန်းက အတူတူ ကစားဖူးတယ်လေ၊ မင်းတို့ တကယ် ခင်ခဲ့တာ၊ အဲ့တော့ မင်း ကြီးလာတာနဲ့ အရမ်း အနေမစိမ်းသင့်ဘူး"

စွန်းဟုန်ကလည်း ဝင်ပြောသည်။

"ဪ ဟုတ်ကဲ့၊ ချက်ချင်း လုပ်လိုက်ပါ့မယ်"

လွီချီက ခေါင်းညိတ်၍ ချက်ချင်း လက်ဖက်ရည် ငှဲ့ပေးသည်။

ရဲ့လင်းချန်၏ အဆင့်အတန်းက သူတို့ ထင်ထားသည်ထက် သာလွန်နေ၏။ မိသားစုနှစ်ခုကြားမှ ဆက်ဆံရေးအရ ဆိုလျင် သူတို့ ရဲ့လင်းချန်ထံမှ အပြည့်အဝ အကျိုးကျေးဇူး ရနိုင်ခွင့်ပင် ရှိလောက်သည်။ လွီချီနှင့် ရဲ့လင်းချန်တို့ အချင်းချင်း သဘောကျသွားခဲ့ပါက အံ့ဩစရာ ကောင်းလာပေလိမ့်မည်။ သို့သော် နောင်တရရန် အချိန်နှောင်း သွားလေပြီ။

မြို့တော်ကို တက်လာပြီး တက္ကသိုလ်လာတတ်သည့် တောသားလေးက ဤမျှ အောင်မြင်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။ ယင်းက အထင်ကြီးစရာ ကောင်းလွန်းလှသည်။

ချမ်းသာသော သားမက်တစ်ယောက်သည် သူတို့ မျှော်လင့်နိုင်သော အရာတစ်ခု မဟုတ်ချေ။

"ခင်ဗျားတို့ အဲ့လောက် ယဉ်ကျေးစရာ မလိုပါဘူး"

ရဲ့လင်းချန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ စားပွဲထိုးကို လှမ်းပြောလိုက်သည်။

"ကျွန်တော်တို့အတွက် ကားတစ်စီးလောက် စီစဉ်ပေးနိုင်မလား"

"ရပါတယ်ခင်ဗျာ"

စားပွဲထိုးလေးသည် ထိုတောင်းဆိုမှုကို လျစ်လျူမရှုရဲချေ။ ညကိုးနာရီတွင် စားသောက်ဆိုင်ရှေ့၌ ဇိမ်ခံမှန်လုံ ကားတစ်စီး ရောက်လာသည်။ တစ်စုံတစ်ယောက်က တရိုတသေဖြင့် ကားတံခါးကို ဖွင့်ပေးပြီး ရဲ့လင်းချန်အား တက်စေသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now