Chapter 328

417 46 0
                                    

စာစဉ် 22 Chapter 328 သေမင်းတမန် ငါးဖော်

ဂိမ်းမျက်နှာပြင် ပွင့်လာသည်။ တစ်ချိန်တည်းမှာပင် ဟူယွီ ထုတ်လွှင့်ရေး ပလက်ဖောင်းကလည်း ဂျပန်နိုင်ငံ၏ သေမင်းတမန် ငါးဖော်ကို ထုတ်ပြလေသည်။

သူတို့ ကစားသမားကို ပြလိုက်သည့်အခိုက်မှာပင် ဂိမ်းနှင့် ရင်းနှီးသူများအားလုံး ချက်ချင်း ကြက်သေ သေသွားကြသည်။

သူတို့၏ မျက်လုံးများက ကစားသမား ငါးယောက်၏ ရုပ်ပုံတွင် ကပ်ညိနေပြီး တဖြည်းဖြည်း မျက်လုံးပြူးကာ ကြောက်ရွံ့လာသည်။ သေချာ အတည်ပြုနိုင်ပြီးနောက် သူတို့ ရင်တုန်လာကြလေသည်။

[ချီးပဲ၊ သူတို့ပဲဟ၊ သေမင်းတမန် ငါးဖော်]

[ချီးပဲ ... ချီး ... ချီး ... အဲ့လူငါးယောက် ဒီရောက်လာအောင် ဟူယွီ ထုတ်လွှင့်ရေးက ပိုက်ဆံ ဘယ်လောက်တောင် သုံးလိုက်တာလဲ၊ ကြောက်ဖို့ ကောင်းလွန်းလိုက်တာ]

[ဘယ်လို တိုက်မလဲ၊ ဝိုင်နတ်ဘုရားတော့ ကံဆိုးပြီ၊ ဝိုင်နတ်ဘုရားသာ ဒါကို ကြိုသိရင် စိန်ခေါ်မှုကို လက်ခံမှာ မဟုတ်ဘူး]

မှတ်ချက်များတွင် ကြောက်ရွံ့ တုန်လှုပ်သော အသံများ ပေါ်လာသည်။

အခြေအနေကို မသိသူများလည်း ရှိသဖြင့် ထိုသူများက ချက်ချင်း မေးလာကြသည်။

[သေမင်းတမန် ငါးဖော် ဟုတ်လား၊ အဲ့ဒါ ဘာလဲ၊ သူတို့က တော်တာလား]

[တော်တယ် ဟုတ်လား၊ သူတို့က ကြောက်ဖို့ကောင်းတာကွ၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေထဲမှာ သူတို့က ထိပ်ဆုံးပဲလို့ မင်း သိထားလိုက်တော့]

[ပြီးခဲ့တဲ့ လေးလက DOTA league ပြိုင်ပွဲမှာ အာရှက ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဝက်လောက် ဝင်ပြိုင်ခဲ့တယ်၊ ဒါပေမဲ့ ပထမနေရာကို အဲ့လူ ငါးယောက်က အရယူသွားပြီး အမေရိကန် ဒေါ်လာ ငါးသိန်း အနိုင်ရခဲ့တာ၊ မင်း ဘယ်လို ထင်လဲ]

[league ပြိုင်ပွဲမှာ သူတို့နဲ့ ပြိုင်ရတဲ့သူတွေအားလုံး ပြုတ်သွားတာ၊ သူတို့အားလုံး လုံးဝ ဖိနှိပ်ခံခဲ့ရတာ၊ အဲ့ဒါကြောင့် သူတို့ကို သေမင်းတမန် ငါးဖော်လို့ ခေါ်ကြတာ]

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now