Chapter 226

589 71 2
                                    

စာစဉ် 16 Chapter 226 သမိုင်းတွင်မည့် မှတ်တမ်း

ရဲ့လင်းချန်က တန်းအိပ်သွားသော်လည်း အယ်ဒီတာများက မအိပ်နိုင်ပါ။ သူတို့ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်များကို တတ်နိုင်သမျှ ရှာဖွေရန် လိုအပ်ပေသည်။

ထိုအခိုက်တွင် အခြားလူများစွာကလည်း ဖန်သားပြင်ကို ကော်နှင့်ကပ်ထားသကဲ့သို့ အကြည့်မခွာဘဲ နတ်ဘုရားများကို သုတ်သင်ခြင်း၏ ရလဒ်ကို စောင့်နေကြသည်။

"ဆယ်မိနစ် ရှိနေပြီ၊ နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ ရလဒ်ကို ကြည့်လိုက်ရအောင်"

အယ်ဒီတာချုပ်က ဒိန်ချဉ်ကို ပြောလေသည်။

ဒိန်ချဉ်က ချက်ချင်း စာမျက်နှာကို ပြန်ဆွဲချလိုက်သည်။ တရားဝင် ‌ရောင်းချလိုက်သည့် ဆယ်မိနစ်အတွင်း နတ်ဘုရားများကို သုတ်သင်ခြင်း၏ စဦး ဝယ်သူနှုန်းက တစ်သောင်းကျော်နေ၏။

"သေစမ်း၊ ဒီအရှိန်အဟုန်က ကြောက်ဖို့ကောင်းလိုက်တာ"

အယ်ဒီတာချုပ်တောင်မှ မှင်တက်နေ၏။ ယင်းကို စနစ်အမှားဟု ထင်လိုက်သဖြင့် စာမျက်နှာအား အကြိမ်အနည်းငယ်မျှ ထပ်၍ ဆွဲချကြည့်သည်။ ထို့နောက်တွင်မှ ဆယ်မိနစ်အတွင်း ဝယ်ယူသူ တစ်သောင်းကျော် ရသည်ကို အတည်ပြုနိုင်သွားလေသည်။

ထို့နောက်တွင်မူ နတ်ဘုရားများကို သုတ်သင်ခြင်းက အံ့ဩစရာများက ရပ်တန့်မသွားတော့ချေ။

[(လက်ဆောင်) တုကူရီထျန်းက နတ်ဘုရားများကို သုတ်သင်ခြင်းအား ဒင်္ဂါး တစ်သန်း လက်ဆောင် ပေးလိုက်ပါတယ် ဒီစာအုပ်က အံ့ဩဖို့ကောင်းတယ်၊ ဒီမှာ လက်ဆောင်၊ နောက်လာမယ့် အပိုင်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်]

Website တွင် ဧရာမ စာတန်းတစ်ခု ပေါ်လာပြီး ငွေအဆင့် အရှင်သခင်တစ်ယောက်က လက်ဆောင် ပေးလာကြောင်း ပြသလာ၏။

ယွမ်တစ်သောင်းကျော်သည့် မည်သည့်လက်ဆောင်မျိုးမဆို ပေးလာပါက website တစ်ခုလုံးအနှံ့ ပေါ်လာတတ်သည်။

[လခွမ်း ... ငါ လူချမ်းသာတစ်ချို့ ဝင်ပါမယ်လို့ သိပေမယ့် ဒီလောက် မြန်မြန် ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး]

ကျုပ်က ပါရမီရှင် (Chapter 201-400)Opowieści tętniące życiem. Odkryj je teraz