Chapter 332

387 42 0
                                    

စာစဉ် 23 Chapter 332 ဆန်းကြယ်မှု

ရုတ်တရက် ပြောင်းလဲသွားခြင်းက လူတိုင်း၏စိတ်ထဲ ခေါင်းနားပမ်း ကြီးသွားစေသည်။ သူတို့ စိတ်ထဲ ဗလာ ဖြစ်သွားပြီး ဂိမ်းထဲမှ ထွက်သွားသည့် လေးယောက်ကို ချက်ချင်း ဒေါသထွက်သွားကြသည်။

DOTA သည် ငါးယောက် ကစားရသော ဂိမ်းဖြ်စပြီး ငါးယောက်နှင့် တစ်ယောက် ယှဉ်ဆော့ရပါက နိုင်ရန် မဖြစ်နိုင်ပေ။

လူတိုင်း နားဝေတိမ်တောင် ဖြစ်နေချိန်တွင် ဂျပန်နိုင်ငံက အများ စကားပြောခန်း၌ '?' ဟု စာရိုက်ပို့လာသည်။

[သူတို့ ဘာလို့ ပြေးသွားတာလဲ၊ ငကြောက်တွေ၊ သစ္စာဖောက်တွေ၊ အမှိုက်တွေ]

တောက်ပသော အနီရောင် စာသားက လူတိုင်းကို‌ ဒေါသထွက်သွားစေသည်။

[ယီးပဲ၊ ယီးပဲကွာ၊ ခွေးမသား ငါးကောင်က စောက်ရမ်း အရှက်မဲ့လွန်းတယ်၊ hack လုပ်ပြီး လူတွေကို ကန်ထုတ် ပြီးမှ ငါတို့ကို လာသရော်နေတာလား]

[အရှက်ကိုမရှိဘူး၊ စောက်ရမ်းကို အရှက်မရှိတာ၊ ဂျပန်ကကောင်တွေ တကယ်ကို အရှက်မရှိဘူး၊ အမှိုက်ကောင်တွေ]

[ဒါ လိမ်တာ အသိသာကြီး၊ ဒိုင်တွေ ဘယ်မှာလဲ၊ ဝိုင်နတ်ဘုရားက ပြိုင်ပွဲကို နိုင်နေတာလေ]

[အမှိုက်ဂိမ်းပဲ၊ သူတို့ ဘာလို့ hack ပြီး လူတွေကို ကန်ထုတ်တာလဲ, အား ... ငါ အရမ်း ဒေါသထွက်နေပြီ၊ ငါ ဒေါသထွက်လွန်းလို့ အတွင်းဒဏ်ရာတွေ ရတော့မယ်]

ထိုအချိန်တွင် ကိုးလ်တို့အဖွဲ့သည်လည်း အလားတူ အံ့ဩနေကြသည်။ သူတို့သည် ဂိမ်းထဲမှ ကန်ထုတ်ခံလိုက် ရသည်ဟု ပြနေသည့် ဖန်သားပြင်ကို စိုက်ကြည့်၍ ဘယ်လို တုံ့ပြန်ရမလဲမသိ ဖြစ်နေကြသည်။

ဝူအာဆိုလျင် မျက်ရည်ပင် ကျလေသည်။

[အဟင့် အဟင့် အဟင့်၊ အစ်ကို ဝိုင်နတ်ဘုရား၊ ကျွန်မတို့ ဂိမ်းထဲက ကန်ထုတ် ခံလိုက်ရတယ်၊ အခု ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ဟင့်ဟင့်ဟင့်]

ကိုးလ်သည် ဂိမ်းထဲ ပြန်ဝင်ရန် နည်းလမ်းရှာ၍ ကြိုးစားသော်လည်း အချည်းနှီး ဖြစ်နေသဖြင့် ပြာအက်နေသော အသံဖြင့် ကျိန်ဆဲလေတော့သည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now