Chapter 373

318 31 0
                                    

စာစဉ် 25 Chapter 373 လုပ်လေ ထပ်ကြိုးစားကြည့်

ရဲ့လင်းချန် ရှေ့သို့ လျှောက်သွားသည်နှင့် ပတ်ဝန်းကျင်မှ အော်ဟစ်အားပေးသံများက ကျယ်သထက် ကျယ်လောင် လာသည်။ ရဲ့လင်းချန်က ကိုရီးယားနိုင်ငံကို နိုင်နိုင်မလား သူတို့ မသိသော်လည်း သူတို့၏ အားအင်များက နောက်ကောက်ကျမနေခဲ့ပေ။

အချိန်တိုအတွင်းမှာပင် စိတ်ဓာတ်ကျနေသော တရုတ်လူမျိုးများသည် ဥက္ကဋ္ဌ သုံးယောက်၏ အပြုအမူများကို မြင်ပြီးနောက် ရဲ့လင်းချန်အပေါ် မျှော်လင့်ချက် မထားဘဲ မနေနိုင်အောင် ဖြစ်လာရသည်။

ကျောက်ရီထျန်းသည် ရဲ့လင်းချန်ကို လှမ်းကြည့်ပြီး တစ်ခဏမျှ မှင်တက်နေမိသည်။

ဥက္ကဋ္ဌ သုံးယောက်က ဦးနှောက်ပျက်နေ၍ ရဲ့လင်းချန်ကို ဖိတ်ခြင်း မဟုတ်မှန်း သူ တွေးမိပါသည်။ ရဲ့လင်းချန်နှင့် သူ ယှဉ်ပြိုင်ဖူးသဖြင့် တစ်ဖက်လူ၏ ခွန်အားကို သူ သိပါ၏။ သူ တိတ်ဆိတ်စွာသာ ရေရွတ်လိုက်မိသည်။

"တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘော လောကကိုယ်စား ဂုဏ်ရောင်ဂုဏ်ဝါ ရရှိအောင် မင်း လုပ်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ကိုရီးယားနိုင်ငံမှ လူများသည် ရဲ့လင်းချန်ကို မျက်မှောင်ကြုတ်၍ ကြည့်နေပြီး သူ၏ နောက်ခံက ဘာမှန်းမသိ ဖြစ်နေကြလေသည်။

ထိုသို့သောအချိန်၌ အစောပိုင်းက ဘတ်စကက်ဘော ကစားကွင်းထဲ၌ ရဲ့လင်းချန်၏ တားဆီးခြင်း ခံလိုက်ရသည့် ကိုရီးယားလူမျိုး ကစားသမားသည် သူ့အား မကျေနပ်သော အမူအရာဖြင့် ကြည့်နေ၏။ ထို့နောက် သူက လက်မကို အောက်စိုက်ပြ၍ ရဲ့လင်းချန်အား အလွန် မခန့်သော အမူအရာမျိုး လုပ်ပြလေသည်။

ဤသည်ကိုမြင်သော် ကိုရီးယားနိုင်ငံမှ လူများသည် သတိဝင်လာပြီး တရုတ်လူမျိုးများအား ဖိအားပေးရန် အသည်းအသန် စတင် အော်ဟစ်ကြသည်။

"မင်းကို မြို့တော် ဘတ်စကက်ဘော အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ငါ ထင်မထားမိဘူး၊ ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်၊ မင်းက ငါ့ကို ဘောလုံး လှမ်းပစ်တာကို တားရဲတဲ့အထိ သတ္တိကောင်းတာပဲ၊ အဲ့တော့ အခု ငါ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးရတာပေါ့"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now