Chapter 270

684 61 2
                                    

စာစဉ် 18 Chapter 270 ရှောင်ဖေးဖေး၏ ကမ်းလှမ်းမှု

"သူဌေးကြီး၊ ကျွန်မ ရှင့်ပေါင်ကို ဖက်ထားလို့ရမလား၊ ရှင့်ခြေသလုံးမွှေးလေး ရမယ်ဆိုရင်တောင်မှ အဆင်ပြေပါတယ်"

ရှောင်ဖေးဖေးက ပြောလေသည်။

"အစ်မဖေးဖေး၊ အစ်မစကားကို ကျွန်တော် ဖြည့်ဆည်းပေးရမှာပေါ့၊ အစ်မ ဘယ်မှာလဲ၊ အစ်မ ကျေနပ်တဲ့အထိ ကျွန်တော့်ပေါင်ကို ဖက်ထားခွင့်ပေးမယ်"

ရဲ့လင်းချန်က ပြောလိုက်သည်။

"ဟွန့်"

အစ်မဖေးဖေးက စိတ်ဆိုးဟန်ပြု၍ ပြောလေသည်။

"နင် တော်တော် ရဲတင်းလာတာပဲ၊ နင့်အစ်မ ဖေးဖေးကိုတောင် စရဲတဲ့အထိ သတ္တိကောင်းနေပြီပေါ့လေ"

ခဏမျှ ငြိမ်သွားပြီးနောက် သူမက လေးနက်သော အသံဖြင့် ပြောလာသည်။

"ဟုတ်သားပဲ၊ လင်းချန် အခုတလော ဟော်ရန်ကျားက သရုပ်ဆောင်တွေကို ချဉ်းကပ်နေတဲ့ ကင်းထောက်တွေ အများကြီး ရှိလာပြီ၊ သူတို့က လူတော်တွေကို လိုက်ရှာနေတာ"

"လူလိုက်ရှာတာလား"

"ဟုတ်တယ်"

ရှောင်ဖေးဖေးက ပြောသည်။

"ဟော်ရန်ကျားရဲ့ အောင်မြင်မှုက သရုပ်ဆောင် တော်တော်များများကို ထင်ပေါ်လာစေတယ်လေ၊ ငါတို့ နာမည်ကြီးတွေကို မငှားခဲ့သလို အများစုက လူရွေးပွဲကနေ ရွေးထားတာလေ၊ ငါတို့မှာ ကိုယ်ပိုင် ကုမ္ပဏီမရှိတော့ တော်တော်များများက သူတို့ကို မျက်စိကျနေတာ"

ရဲ့လင်းချန် ခေါင်းညိတ်မိသည်။ ယင်းက အံ့ဩစရာ မဟုတ်ပေ။

"ဒါပေမဲ့ ..."

ရှောင်ဖေးဖေးက စကားလမ်းကြောင်း ပြောင်းလာပြီး တစ်စုံတစ်ရာကို ချီတုံချတုံ ပြောလေသည်။

"တစ်ချို့ သရုပ်ဆောင်တွေက တော်တော်လေး အလားအလာ ရှိတယ်လို့ ငါ ထင်တယ်၊ ပြီးတော့ လီကျင်း ကလည်း အခြား ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဖို့ စိတ်ဝင်စားတဲ့ပုံ မပေါ်ဘူး၊ သူတို့ တော်တော်များများက နင့်နောက် လိုက်ချင်နေကြတာ"

ကျုပ်က ပါရမီရှင် (Chapter 201-400)Tempat cerita menjadi hidup. Temukan sekarang