Chapter 289

453 45 0
                                    

စာစဉ် 20 Chapter 289 ထိပ်တန်း ပါရမီရှင်

ပေကျင်းသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်။ သူတို့သည် အရာရာတိုင်း၌ ပထမနေရာ ရရန် ကြိုးပမ်းပြီး လူတိုင်း အတွက် စံနာမူနာ ဖြစ်ချင်ကြသည်။

ချောင်ထုံထုံနှင့် ကျန်းယွီတို့၏ နာမည်များက သင်္ချာလောကတွင် လူသိများသည်။ သူတို့၏ ထင်ပေါ်နှုန်းက အထင်ကြီးစရာ ကောင်းလှပြီး ခရိုင်များနှင့် မြို့ကြီးများတွင် ဆုများစွာ ရရှိခဲ့သည်။ လူတိုင်း သူတို့ကို အစကတည်းက သတိထားမိသော်လည်း အခြားတစ်ယောက်ကိုမူ ... ဘယ်သူကမှ သူ့ကို မသိကြချေ။

"မြို့တော်က တကယ်ကို ရွက်ပုန်းသီး ပညာရှင်တွေ ရှိနေတဲ့နေရာပဲ၊ သူတို့ လျှို့ဝှက်လက်နက်တစ်ခု ပြင်လာတာ များလား၊ ဒီလိုလူစားမျိုးက အန္တရာယ် အများဆုံးပဲ၊ ဘာလို့လဲဆိုတော့ ငါတို့ သူနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မသိလို့ပဲ"

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ သတိပေးလေသည်။

"သူက တော်တော် ငယ်တဲ့ပုံပေါ်တယ်၊ ငါတို့ထဲက ဘယ်သူကမှ သူနဲ့ ပတ်သက်ပြီး မကြားဖူးဘူး၊ ငါတို ပြောနိုင်တဲ့ တစ်ခုတည်းသောအရာက သူက တကယ်ကို လုံးဝ နှိမ့်ချပြီး နေခဲ့တာပဲ"

"ဒီတစ်ခေါက် ငါ ကြိုပြီး ပြင်ထားသင့်တယ်နဲ့တူတယ်"

ထိုသို့သောအချိန်တွင် ပြိုင်ပွဲဝင်တစ်ယောက်က ဖုန်းကိုထုတ်လိုက်ပြီးနောက် ရုတ်တရက် ဟက်ဟက်ပက်ပက် ထရယ်သည်။

"သူ ဘယ်သူလဲ ငါ သိပြီထင်တယ်"

"သူက ဘယ်သူလဲ"

"အရင်တစ်ခေါက်က ချောင်ထုံထုံနဲ့ သင်္ချာစွမ်းရည် ပြိုင်ပွဲတစ်ခု ဝင်ပြိုင်ဖူးတဲ့ ငါ့သူငယ်ချင်း တစ်ယောက် ရှိတယ်၊ သူတို့က စကားပြောခန်း ဖွဲ့ထားခဲ့တာလေ၊ အခု ချောင်ထုံထုံက အဲ့အဖွဲ့ထဲမှာ သူ့ကို လှောင်နေတာ"

ထိုကောင်လေးက ရယ်လေသည်။

"မင်းတို့ ယုံမှာတောင် မဟုတ်ဘူး၊ အဲ့ကောင်က စာပေဌာနက ပထမနှစ်ကျောင်းသား"

"ဘာ"

"မဖြစ်နိုင်တာ"

"မြို့တော်က ရူးနေပြီပဲ၊ သူတို့ အဲ့လူကို တကယ်ပဲ ပြိုင်ပွဲဝင်အဖြစ် လွှတ်လိုက်တာလား"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now