Chapter 322

415 47 0
                                    

စာစဉ် 22 Chapter 322 မဟုတ်ဘူး၊ ဒီလို မဖြစ်ရဘူး

တစ်ချိန်တည်းမှာပင် ဂိုထောင်၏ အပြင်ဘက်၌။

ရှုနန်နှင့် တပ်ကြပ်ကောင်းတို့ အဖွဲ့သည် ဂိုထောင်အား မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ သူတို့ အားလုံး၏ မျက်နှာတွင် စိုးရိမ်မှုတို့နှင့် ပြည့်နှက်နေ၏။

"တပ်ကြပ်ကောင်း၊ တော်တော် ကြာနေပြီ၊ အထဲမှာ ဘာတွေ ဖြစ်နေလဲ မသိဘူး၊ တစ်ခုခုများ ဖြစ်နေတာလား"

တစ်ယောက်က စိုးရိမ်တကြီး မေးလေသည်။

"ဂိုထောင်ထဲက လာတဲ့ ငိုသံတွေကို ကြားရလား၊ ဘာလို့ လူတွေ အများကြီး စုငိုနေတယ်လို့ ငါ ခံစားမိ နေတာပါလိမ့်"

တစ်ယောက်က သိချင်နေလေသည်။

"အပြင်မှာ ကင်းလှည့်နေတဲ့ လူတွေအားလုံး အထဲ ဝင်သွားပြီ၊ တစ်ခုခုများ ဖြစ်နေတာလား"

ထို့နောက် လီဟူက ဆက်ပြောလိုက်သည်။

"အထဲဝင်သွားရအောင်"

တပ်ကြပ်ကောင်းက ခေါင်းကို အသာယမ်းသည်။

"ငါတို့ ဒီကိစ္စမှာ မဆင်မခြင် မလုပ်သင့်ဘူး၊ ဆရာရဲ့က ငါတို့ကို ဘာမှ သတင်းမပို့သေးဘူးဆိုတော့ အလျင်စလို လုပ်တာက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတာပဲ ရှိမယ်"

"ဟုတ်တယ်"

ရှုနန်ကလည်း ခေါင်းညိတ်သည်။ သူမသည်လည်း ဂိုထောင်ကို စိုးရိမ်ပူပန်မှုတို့နှင့် ကြည့်နေပြီး ပြောလေသည်။

"ကျွန်မဆရာရဲ့ ခွန်အားအရဆို တစ်ခုခု မှားသွားရင်တောင် တစ်ခုခု ဖြစ်သွားဖို့ မဖြစ်နိုင်ပါဘူး၊ စောင့်လိုက်ပါဦး"

"ဟိုမှာ တစ်ယောက်ယောက် ထွက်လာပြီ"

ထိုစဉ် လီဟူက ပြောလာသည်။ လူတိုင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဂိုထောင်တံခါးအား စူးစိုက်ကြည့် ကြသည်။

သို့သော် လူတစ်ယောက်ပြီး တစ်ယောက် ခေါင်းများ ငိုက်စိုက်ကျ၍ ထွက်လာနေသည်ကို သူတို့ မြင်လိုက် ရလေသည်။ သူတို့သည် သူတို့အကြောင်း စဉ်းစားနေပုံရပြီး မသိလျင် အမြင်မှန် ရသွားသည့်ပုံပင်။ တော်တော်များများက ပခုံးတလှုပ်လှုပ်ဖြင့် ကြိုကြားကြိုးကြား ရှိုက်သံထွက်အောင် ငိုနေကြသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Waar verhalen tot leven komen. Ontdek het nu