726 - 730

271 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 726 ) ကြက်တစ်ကောင်ကဲ့သို့ အားနည်းသည်။

လုမင်သည် ဟုန်ယွီဒေသတွင်ရှိစဉ်က ချင်ချင်းဖေးနှင့် ချင်ချင်းရှန်တို့၏ အကြိမ်ကြိမ်ပစ်မှတ်ထားခဲ့ခြင်းကို မမေ့သေးပေ။ ထိုစဉ်က ရန်ခွမ်းစုသာ ရောက်မလာပါက မူလန်နှင့် ရှန့်ရှင်းချန်၏ မင်္ဂလာပွဲကို အမီလိုက်နိုင်ရန် ဆန်းကျယ်ကောင်းကင်နယ်‌မြေကြီးသို့ ပြန်သွားနိုင်မည် မဟုတ်ပါချေ။

မူလက လုမင်သည် ထိုကိစ္စကို ထပ်မတွေးလိုပေ။ သူ့တွင်လည်း အချိန်မရှိသောကြောင့် ချင်ချင်းဖေးနှင့်တခြားသူများကိုဖြေရှင်းရန် ဟုန်ယွီဒေသသို့ အပင်ပန်းခံကာ မသွားလိုခဲ့ပါ။ 
   
သို့ရာတွင် မထင်မှတ်ပဲ ထိုနှစ်ယောက်က လုမင်ရှေ့မှာ ထပ်မံခုန်ပေါက်ဝံ့သည်။ ထိုသို့ဆိုမှတော လုမင်ကလည်း သဘာဝအတိုင်း ဖြေရှင်းပေတော့မည်။

လုမင်ထွက်လာသောအခါ ချင်ချင်း‌ဖေး၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အမြန်နောက်ဆုတ်လိုက်သည်။ နဂိုကတည်းက လုမင်ကို ချင်ချင်းရှန်သာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး သူက ပြိုင်ဘက်မဟုတ်ပါ။

"လုမင်၊ မင်းရဲ့ပြိုင်ဘက်က ငါပဲကွ"
ချင်ချင်းရှန်က ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်သည်။ ၎င်းက အစွမ်းထက်အရှိန်အဝါများကိုထုတ်ဖော်ကာ လုမင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်၏။
   
"လုမင်၊ ပထမတိုက်ပွဲမှာ အနိုင်ရသူမရှိခဲ့ဘူး။ ဒီနေ့တော့ အနိုင်အရှုံးကို ခွဲခြားမယ်"
ချင်ချင်းရှန်၏ မျက်လုံးများက သန်မာသော တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
   
"ဒီနေ့ တကယ်အသက်ဝင်တာပဲ"
ဘေးပတ်ဝန်းကျင်တွင် လူများက စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ထိုအချိန်တွင်၊ တစ်စုံတစ်ယောက်က သူ့ပတ်ဝန်းကျင်ရှိလူများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးသည့် ချင်ချင်းရှန်အား မှတ်မိသွားသည်။ 

ယနေ့တွင် ပါရမီရှင်တစ်ထောင်စာရင်းမှ ကျန့်ဖေးလျိုနှင့်  ကောင်းချမ်းရှိသည်။  ယခုအခါတွင် အခြားပါရမီရှင် ချင်ချင်းရှန်လည်း ရောက်လာခဲ့၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Tempat cerita menjadi hidup. Temukan sekarang