546 - 550

271 25 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 546 ) အနန္တရွှေမည်း

တကယ်လည်း အဆင့်ခြောက်ဝိညာဉ်လက်နက်အတွက် လိုအပ်သောပစ္စည်းများဟာ သိုင်းဘုရင်များအသုံးပြုသော အဆင့်ငါး ဝိညာဉ်လက်နက်ထက် သာသည်။

သို့ရာတွင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းကတော့ ကြောက်စရာကောင်းလွန်းသော တောင်းဆိုမှုပင် ဖြစ်၏။

"ဒုန်း ဂလုံ"
ထိုစဉ် ပစ္စည်းများပြုတ်ကျသံနှင့်အတူ ဆံပင်များရှုပွနေသည့် အဘိုးကြီးတစ်ယောက် ထွက်လာသည်။

ဤအဘိုးကြီး သန့်ရှင်းရေးမလုပ်သည်မှာ မည်မျှကြာမှန်းတော့ မသိပေ။ သူ့မုတ်ဆိတ်နှင့် ဆံပင်များဟာ အလွန်ညစ်ပေ ရှုပ်ပွနေ၏။

လုမင်လည်း အံ့ဩသွားမိပေသည်။ အနှီ သံတိုသံစများကြား အိပ်စက်နေသည့်အဘိုးအိုက အမှန်တကယ် အဆင့်ခြောက် အက္ခရာပညာရှင်ပင်လော။

"‌ကောင်မလေး... အမှိုက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေကို ငါ့ရတနာတွေနဲ့ လာမယှဉ်နဲ့..။ နောက်ပြီး နင်ပြောတဲ့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းက အဆင့်နိမ့်အဆင့်ခြောက်၊ အလယ်လတ်အဆင့် အဆင့်ခြောက်တွေပဲရမယ်..။ ဒီအဘိုးကြီးကတော့ အဆင့်ခြောက် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကိုဖန်တီးမှာ... နားလည်လား"
အဘိုးကြီးက အပြင်ရောက်သည်နှင့် မူလန်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။

"ဒါပေမဲ့ ဦးလေးဟွမ်... ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းက အရမ်းဈေးကြီးတယ်"
မူလန် ပြောလိုက်သည်။

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ငါးသန်းက သူတို့ကို မဆိုထားဘိ၊ အထွတ်အထိပ်ဘုရင်များပင် အလွယ်တကူ ထုတ်မပေးနိုင်ပေ။

ယင်းက ဝိညာဉ်ပင်လယ်နယ်ပယ် တန်ခိုးရှင်များကိုပင် နာကျင်သွားစေနိုင်၏။

"ဝိညာဉ်ကျောက်တုံးမရှိဘူးဆိုရင် ထွက်သွားပေတော့... ဒီအဘိုးကြီးက အလျှော့ပေးမှာ မဟုတ်ဘူး"
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Dove le storie prendono vita. Scoprilo ora