471 - 475

282 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 471 ) အံ့အားသင့်စရာ အပြောင်းအလဲ

"အားလုံးပဲ... အလောင်းစောင့်တွေ ပြောသွားပုံအရ တွသ်းနက်ထက်မှာ ကောင်းကင်အလောင်းကောင်ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေ ရှိနေသေးပုံရတယ်..။ ခင်ဗျားတို့ နောက်ထပ် ဘာဆက်လုပ်ဖိုရှိလဲ"
လုမင် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ငါကတော့ ဒီကနေ ချက်ချင်း ထွက်သွားပြီး အခြေအနေကို သတင်းပြန်ပို့သင့်တယ်လို့ထင်တယ်..။ ဒါမှပဲ ဘုရားကျောင်းက ပိုသန်မာတဲ့ ကျွမ်းကျင်သူတွေကို စေလွှတ်နိုင်မှာပေါ့"
ရှကျုံးက အလေးအနက် ပြောလိုက်သည်။

နောက်ဆုံးတွင်ကား လုမင်၏နယ်ပယ်က ဘုရင်တစ်ပိုင်းအဆင့်သာ ဖြစ်နေဆဲပင်။ အဆင့်နှစ်သိုင်းဘုရင်များ ရှိနေပါက သူတို့ ဒုက္ခရောက်ရမည်ဖြစ်သည်။

သိုင်းဘုရင်နယ်ပယ်တွင် အလွှာတစ်ခုစီကြား ကွာဟမှုက အလွန်ကြီးမား၏။

အဆင့်နှစ်သိုင်းဘုရင်က အဆင့်တစ်သိုင်းဘုရင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

"ကျွန်မလည်း ဒီကထွက်သွားသင့်ပြီလို့ ထင်တယ်"
ဟွမ်ကျင်းလည်း ထောက်ခံလိုက်၏။

"ကျုပ်တော့ ဒီလိုမထင်ဘူး"
ကတုံးကြီးက တွင်းနက်ဆီသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"အိုး"
ရှကျုံးနှင့် အခြားသူများ အံ့သြတကြီးဖြင့် ကတုံးကြီးကို ကြည့်လိုက်ကြ၏။

"အားလုံးပဲ.. ကောင်းကင်စကေးဂိုဏ်း၊ မှော်ဓားဂိုဏ်းနဲ့ ခြင်္သေ့နက်ခန်းမတို့ တိုက်ခိုက်ခံရတော့ သိုင်းဘိုးဘေးအထက် ကျင့်ကြံသူတွေ ပျောက်သွားကြတယ် မဟုတ်လား..။ ကောင်းကင်ဘုံ အလောင်းကောင်ဂိုဏ်းရဲ့ လူတွေက သူတို့ကိုသတ်ပြီး အလောင်းတွေကို ဒီယူလာခဲ့ကြတာဖြစ်မယ်..။ အဲဒီအလောင်းတွေနဲ့ သူတို့က လေ့ကျင့်မယ်၊ ဒါမှမဟုတ် သန့်စင်အလောင်းအဖြစ် သန့်စင်ချင်၊ သန့်စင်နေလိမ့်မယ်"

“အခုတော့ အလောင်းစောင့် လေးယောက်လုံးကို ကျုပ်တို့ သတ်ပစ်လိုက်ပြီ... ဒါကို တစ်ဖက်လူတွေက သိနိုင်ပေမဲ့ ဘာလို့ ပေါ်မလာကြတာလဲ..။ ပြောရရင် တစ်ဖက်လူတွေက ကျင့်ကြံခြင်းမှာ အရေးကြီးတဲ့အချိန်ကို ရောက်နေတာပဲ ဖြစ်ရမယ်..။ အဲကြောင့် အခုနေအခါကို အခွင့်ကောင်းယူပြီး ဝင်သတ်ကြရင် အောင်မြင်မှုရပြီပေါ့"
ကတုံးကြီးက အဓိပ္ပာယ်များစွာ ပါဝင်နေသောမျက်လုံးဖြင့် ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Onde histórias criam vida. Descubra agora