831 - 835

268 25 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 831) နတ်သားရဲသွေးမျိုးဆက် သန့်စင်မှု ငါးဆယ်ရာခိုင်နှုန်း။

အိုဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးသည် အနောက်ဘက်သို့ အရူးအမူး ပြန်ဆုတ်သွား၏။ ထို့နောက်တော့ လူသားသဏ္ဍာန်ပြန်ပြောင်းကာ တိုက်ပွဲစင်မြင့်မှ ထွက်ခွာသွားတော့သည်။ သူက ဖက်တီးကို နာကျည်းစွာဖြင့် ကြည့်လိုက်သည်။

တိုက်ပွဲမြေပြင်မှာတော့ ကြီးမားသော နဂါးခြေသည်းဖက် ကျန်ရစ်ခဲ့ပေသည်။

"ချီးပဲ၊ မင်း သေသင့်တယ်"
အိုဖုန်းက အော်ဟစ်လိုက်သည်။

"ဝုန်း"
ဤအခိုက်တွင် လူရိပ်တစ်ခုက စင်မြင့်ပေါ်သို့ ပြင်းပြင်းထန်ထန် ဆင်းသက်လာသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခုကလည်း သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထား၏။

၎င်းက အိုချမ်နှင့်အတူရှိခဲ့သော အနီရောင် ချပ်ဝတ်တန်ဆာဖြင့် လူငယ်ဖြစ်သည်။ မကြာသေးမီကပင် ၎င်းက လုမင်ကို သွားရောက်ရန်စခဲ့သေးသည်။

"မိုက်မဲတဲ့ဖက်တီး၊ မင်းငါ့ကို လုံးဝဒေါသထွက်သွားစေခဲ့ပြီ"
အနီရောင်ဝတ် လူငယ်၏အသံက ရေခဲတမျှအေးစက်နေကာ ရူးသွပ်မှုတစ်ခုကလည်း လေထဲတွင် ပြည့်နှက်နေသည်။

၎င်း၏ အရှိန်အဝါကား အဆင့်ငါး ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ် ဖြစ်ချေသည်။

"ငါ့နာမည်က အိုခွန်၊ ဖက်တီးဝက်... မင်းငါ့ကို တိုက်ခိုက်ဝံ့လား"
အနီရောင်ဝတ် လူငယ်က ဖက်တီးကို စိုက်ကြည့်လိုက်သည်။

လုမင်သည်ပင် ထိုလူငယ်က မရိုးရှင်းသကဲ့သို့ ခံစားရကာ မျက်မှောင်ကြုတ်လိုက်၏။

၎င်း၏အဆင့်က အမှန်တကယ် အဆင့်ငါး ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်ဖြစ်သော်လည်း အလွန်မောက်မာလွန်းလှသည်။ လုမင်ဟာ ၎င်းက အိုချမ်ကိုပင် အနိုင်ယူခဲ့သူမှန်းသိသောကြောင့် သာမန်လူမဖြစ်နိုင်တာတော့ သေချာနေပေပြီ။

"ဖက်တီး၊ သတိထား"
လုမင်က ဖက်တီးကို အသံပို့လွှတ်၍ ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now