616 - 620

279 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 616 )  သူက လုမင်ပဲ

"သခင်၊ တရားစီရင်ခြင်းအဖွဲ့ရဲ့ သခင်တို့၊ ဒီကောင်လေးက တကယ်မကောင်းဆိုးရွားပါ။ သူက ရောက်တာနဲ့ ဘာမှမပြောဘဲ လူသတ်တယ်၊ ကြည့်ပါ သူသတ်ထားတဲ့လူတွေ အများကြီးပဲ၊ အခုလေးတင် သူက ကျုပ်ကိုပါ သတ်ချင်နေသေးတာ"
တရားစီရင်ခြင်းအဖွဲ့ ရောက်လာသောအခါ ရန်ကူက  ရေနစ်ကာနီး ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်လိုက်မိဟန်ဖြင့် ပြောလိုက်သည်။ 

"အဲ"
တရားစီရင်ခြင်းအဖွဲ့မှလူဟာ ရန်ကူညွှန်ပြရာသို့ ကြည့်လိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွား၏။

သူဟာ ယနေ့မှ လုမင်ကို မြင်တွေ့ဖူးခြင်းဖြစ်သည့်တိုင် အသေအချာသိသည်။

အနီရောင်ဝတ်လူကြီး၏ မျက်နှာအမူအရာကိုမြင်သောအခါ ရန်ကူလည်း မျက်နှာပျက်သွားပြီး အနောက်ဆုတ်ကာ ပြန်ကြည့်လိုက်သည်။

'ကောင်လေး၊ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ၊ ကြယ်တစ်သောင်းမြို့တော်ထဲမှာ လူသတ်ဝံ့မှတော့ အပြစ်ပေးခံရမယ်'
ရန်ကူဟာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။

"အတင့်ရဲလိုက်တာ ရန်ကူ၊ အခုချက်ချင်း ဒူးထောက်ပြီး အပြစ်ဝန်ခံစမ်း"
အနီရောင်ဝတ်လူက အသံကျယ်ကျယ်နှင့် ဟိန်းဟောက်လိုက်သည်။

"ဟားဟားဟား၊ ကောင်လေး၊ ဒူးထောက်ပြီး ဝန်ခံ..."
ရန်ကူဟာ ရယ်မောလိုက်သော်လည်း လူကြီးက သူ့နာမည်ကို ခေါ်လိုက်ခြင်းဖြစ်သောကြောင့် ရုတ်တရက် အေးခဲသွားသည်။

သူက အနီရောင်ဝတ်လူကြီးကို မယုံနိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်၏။
"သခင်၊ ခင်ဗျား... ခင်ဗျား နာမည်မှားခေါ်မိတာလား"

"ဘာကို နာမည်မှားခေါ်တာလဲ၊ ငါက ရန်ကူလို့ပြောနေတာတောင် မင်းမဟုတ်ရင် ငါ့နာမည်မို့လား။ အခုဒူးထောက်စမ်း"
အနီရောင်ဝတ်လူကြီးက ငေါက်ငမ်းလိုက်သည်။ သူ့ထံမှ အစွမ်းထက်အရှိန်အဝါများဟာ ရန်ကူအပေါ်သို့ ကျဆင်းလာ၏။

ရန်ကူတုန်လှုပ်သွားကာ ကျွမ်းမောင်နှမလည်း အံ့ဩသွားတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now