136 - 140

343 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 136 )  ချီလင်ခန်းမရဲ့ ရန်စမှု

"အမှန်ပဲ"
ကျန်းမုယွင် ပြောလိုက်သည်။

"ဒါဆိုရင်လည်း မင်းကိုပြောရသေးတာပေါ့… မင်းသေချာနားထောင်ထား… ငါတို့သုံးယောက်က ချီလင်ခန်းမရဲ့ တပည့်တွေပဲ"
ကျန့်ဝူချန်က မာနထောင်လွှားစွာဖြင့် ပြောလိုက်သည်။

"ဘာ… ချီလင်ခန်းမဝင်တွေလား"
ဤသည်ကိုကြားပြီးနောက် လူတိုင်းက လေအေးကြီးကို ရှုလိုက်ကြပြီး ထိတ်လန့်သော အမူအရာတွေ ဖြစ်ပေါ်လာခဲ့ကြပါသည်။

ဤလူငယ်တွေက အမှန်ပင် ချီလင်ခန်းမရဲ့ ပါရမီရှင်တွေပင်လော။

ချီလင်ခန်းမဟာ ရွှမ်ယွမ်ဓါးဂိုဏ်းရဲ့ ခန်းမလေးခုတွင် တစ်ခုအပါအဝင်ဖြစ်သော်ငြား အလွန်လျှို့ဝှက်ဆန်းကျယ်သည်။ သူတို့မှာ ခန်းမဝင်မည်မျှရှိသည်၊ နှစ်စဉ် လူမည်မျှစုဆောင်းသည် ဆိုတာကို မည်သူမျှ မသိကြပါချေ။ သူတို့ကို ငွေအဆင့်အကြီးအကဲအများစုတောင် မသိကြပါချေ။

ပတ်ဝန်းကျင်မှ လူတွေရဲ့ ထိတ်လန့်သွားသည့် အမူရာတွေကိုကြည့်ကာ ကျန့်ဝူချန်နှင့် အခြားလူငယ်နှစ်ဦးဟာ ကျေနပ်သွားခဲ့ကြပါသည်။

သူတို့ဟာ အခြားသူတွေရဲ့ တုန်လှုပ်နေကြသည့် မျက်နှာတွေကိုကြည့်ရတာကို သဘောကျသည်။ သူတို့က အထူးသွေးမျိုးဆက်ပိုင်ရှင်တွေ ဖြစ်ကြပေသည်။ သဘာဝအရ သူတို့က မြင့်မြတ်ကြပြီး အခြားသူတွေရဲ့ မနာလိုခြင်း၊ ကြောင်ရွံခြင်းနှင့် တုန်လှုပ်နေမှုတွေကို ခံစားရစေချင်သည်။

ဤခံစားချက်က သူတို့ကို အလွန်သက်တောင့်သက်သာ ဖြစ်သေပါသည်။

"ဒါက ချီလင်ခန်းမဝင်တွေကိုး… ဒီနေ့က ကျုပ်ကျန်းမုယွင်ရဲ့ စေ့စပ်ပွဲနေ့ပါ… ခင်ဗျားတို့ ဂုဏ်ပြုဖို့လာတာဆိုရင် ကျေးဇူးပြုပြီး ထိုင်ကြပါ… မဟုတ်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး သွားကြပါတော့… ခင်ဗျားတို့မှာ ပြောစရာရှိရင် နောက်တစ်နေ့မှ ပြောကြမယ်"
ချီလင်ခန်းမဝင်တွေနှင့် ရင်ဆိုင်နေရသည့်တိုင် ကျန်းမုယွင်ရဲ့ လေသံက တည်ငြိမ်ပြီး နှိမ့်ချမှု၊ မောက်မာမှုမျိုး မရှိပါချေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now