396 - 400

319 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 396 ) ကျေးဇူးတင်ပါတယ်

မြေအောက်နတ်ဆိုးခန်းမဝ၏ ကျွမ်းကျင်သူ နှစ်ဆယ်ကျော်၌ ဖေးရှီပြီးလျှင် ၎င်းက ဒုတိယလိုက်သည်။

၎င်းက အဆင့်ခုနစ်သိုင်းဘိုးဘေး ကျင့်ကြံခြင်းအခြေခံရှိကာ တတိယအဆင့် စစ်ပါရမီကို ပိုင်ဆိုင်ထားသေး၏။ သူက ‌မျောက်ပျံထက် များစွာပိုသန်မာသည်။

ဓားအလင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လေထုပင် တုန်ခါသွားရသည်။

"ပထမတစ်ယောက်"
ထိုစဉ် လုမင်က ခပ်တိုးတိုး ရေရွှတ်လိုက်သည်။ သူက ချီစွမ်းအင်လှံရှည်တစ်လက် ဖန်ဆင်းကာ တစ်ဖက်လူကို ပစ်ထိုးလိုက်၏။

"ဝုန်း"
လှံရှည်က ဓားအလင်းအား တို့ဟူးတုံးကဲ့သို့ ဖောက်ထွက်သွားပြီး လူငယ်ကို ထိမှန်သွားခဲ့သည်။

"ဖောင်း"
ထိုအခါ ပြိုင်ဘက်လူငယ်ဟာ အော်ပင် မအော်နိုင်တော့ဘဲ တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့သည်။

ပေါက်ကွဲအားကြောင့် အရိုးနှင့် အသားစများဟာ မြေအောက်နတ်ဆိုး ခန်းမဝင်များဆီကို ပျံ့လွင့်သွားခဲ့၏။

"ဒါဘယ်လိုလုပ်ပြီး"

"ဂရုစိုက်ကြ"

မြေအောက်နတ်ဆိုး ခန်းမဝင်များဟာ မူလက အံ့ဩသွားပြီး ခဏချင်းပင် ဖရိုဖရဲဖြစ်ကုန်သည်။

၎င်းတို့က ချီစွမ်းအင်များ ပေါက်ကွဲစေကာ လွင့်စဉ်လာသော အရိုးနှင့် အသားစများကို ဖယ်ရှားပစ်လိုက်၏။

"ဖောက် ဖောက်"
ယင်းက လူတစ်ယောက်၏ အရိုး၊အသားများ ဖြစ်သော်လည်း ပြန်လည် ပေါက်ကွဲလာသောအခါ ကြောက်စရာကောင်းလှသည်။ အရိုးစများက အားနည်းသော ကျင့်ကြံခြင်းအခြေခံရှိသူများကို ထိမှန်သောအခါ ဟောင်းလောင်းပေါက်ဖြစ်အောင် ဖောက်ထွက်ကုန်သည်။ လူတစ်ဒါဇင်ခန့်ဟာ ချက်ချင်းပင်‌ အော်ဟစ်ရင်း လဲကျကုန်၏။

"ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဖေးရှီက မယုံကြည်နိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now