266 - 270

304 35 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 266 )   သားအဖတွေ ပြန်ဆုံပြီ

ရှဲ့နျန်ချင်းကလည်း လုမင်အနောက်ကနေ လိုက်ပါသွားခဲ့ပါသည်။ သူတို့နှစ်ဦးဟာ မိုင်ပေါင်းများစွာအကွာဝေးကို ခဏတွင်း ဖြတ်ကျော်သွားခဲ့သည်။

သူတို့နှစ်ဦးဟာ တိုက်ပွဲနေရာနှင့် မီတာတစ်ထောင်အကွာက ကျောက်တုံးကြီးအနောက်မှာ ပုန်းကာ အခြေအနေကိုလှမ်းကြည့်လိုက်ပါသည်။

ထိုစဉ် လုမင်ဟာ ရှုပ်ပွနေသောဆံ‌ပင်တွေနှင့် လူတစ်ယောက်ကို တွေ့သွားခဲ့လေ၏။

"အဖေ"
လုမင်၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားခဲ့ပါသည်။

သူတို့တွေ ကွဲကွာသွားရတာ  ရှစ်နှစ်ကျော်ပင် ကြာသွားခဲ့ချေပြီ။ ယခုအခါ လုယွမ်ထျန်းမှာလည်း ညစ်ပတ်ပေရေပြီး လူရုပ်ပင် မပေါ်တော့ပေ။ သို့‌တိုင်အောင် လုမင်ဟာ တစ်ချက်ကြည့်ရုံဖြင့် သူ့ဖခင်မှန်း မှတ်မိလိုက်ပေ၏။

ထိုလူက အမှန်တကယ် သူ့ဖခင်လုယွမ်ထျန်းပင် ဖြစ်တော့သည်။

"သောက်ရှီဖန်း‌ဓားဂိုဏ်း… ငါ့အဖေကို ‌ဒီလောက်ထိ နှိပ်စက်ထားဝံ့တယ်"
လုမင်၏မျက်လုံးထဲမှာ လူသတ်ငွေ့တွေ ထွက်ပေါ်လာ၏။

"အဖေ့ကို ငါဘယ်လိုလုပ်ကယ်ရပါ့မလဲ"
လုမင် စတင်တွေးလိုက်သည်။

ရှီဖန်းဓားဂိုဏ်းနှင့် လအင်ပါယာနှစ်ခုပေါင်း အင်အားဟာ အလွန်ကြီးမားလှပေသည်။ နှစ်ဖက်စလုံးမှာ သိုင်းဘိုးဘေးတစ်ဒါဇင်ကျော်ရှိပြီး အဆင့်နှစ်သိုင်းဘိုးဘေးနှစ်ပင် ရှိနေလေ၏။

ထိုအင်အားစုတွေကြားမှ လုယွမ်ထျန်းကို သည်အတိုင်းကယ်တင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပင်။

အနားကိုချဉ်းကပ်ဖို့ကလည်း မဖြစ်နိုင်ပြန်ပေ။ သူအနားကပ်သွားတာနှင့် တစ်ဖက်လူတွေဟာ ချက်ချင်း သတိပြုမိသွားပေလိမ့်မည်။

အကယ်၍ ချဉ်းကပ်သွားနိုင်ရင်တောင် လုယွမ်ထျန်းကို တိတ်တဆိတ်ခေါ်ပြေးဖို့က မဖြစ်နိုင်ပါချေ။ လူပျောက်သွားတာနှင့် ထိုအင်အားစုနှစ်ခုက ချက်ချင်းလိုက်ဖမ်းကြမှာ အသေချာပင်။ အကယ်၍ ထိုအင်အားစုတွေနှင့် ရင်ဆိုင်မိသွားလျှင်တော့ သေခြင်းတစ်ခုသာ ရှိပေတော့မည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora