366 - 370

332 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 366 ) မင်းက အဆင့်နှစ် အဘိုးကြီး

အချိန်များ တ‌ရွေ့ရွေ့ကုန်လွန်လာကာ မကြာမီ နာရီဝက်အချိန် ပြည့်ကာနီးလာသည်။ ထိုအခါ အလင်းကန့်လန့်ကာက တုန်ခါ၍ ရှဲ့နျန်ချင်းပြန်ထွက်လာ၏။

လုမင်မှာကား ရလဒ်များ တည်ငြိမ်နေသည့်တိုင် ပြန်ထွက်မလာသေးပေ။

"မင်းက တစ်နေရာတည်းမှာ ထိန်းနေနိုင်ပေမဲ့ ဒါက အကြိုစမ်းသပ်မှုပဲလေ..။ မင်းအဲမှာရပ်နေလို့ ဘာထူးလာမှာလဲ"
ချိုးကန်ခုန်းက လှောင်ပြောင် ပြောဆိုလိုက်သည်။

သို့သော် မကြာမီပင် သူ့မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရ၏။

လုမင်၏ တည်ငြိမ်နေသော ရမှတ်များဟာ တဖန်မြင့်တက်လာပြန်သည်။ သည်တစ်ခါတော့ သူ့အရှိန်ဟာ အလွန်မြန်ဆန်၏။

ချိုးကန်ခုန်းသာမကဘဲ ကြည့်ရှူနေကြသူအားလုံး တုန်လှုပ်သွားခဲ့ကြလေသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..။ လုမင်ရဲ့ ရမှတ်တွေက ဘယ်လိုလုပ်ပြီး တက်လာတာလဲ"

"လုမင်က သူ့ခွန်အားကို လျှိုထားခဲ့တာများလား"

"ဒါက မဖြစ်နိုင်တာပဲလေ.. ဟုတ်တယ်မလား"

လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးလိုက်ကြသည်။ ထိုအတွက် ကျန့်ဖုန်းယွမ်ပင် တုန်လှုပ်သွားရ၏။

လုမင်၏ ရမှတ်များမှာ တဟုန်ထိုး တိုးတက်လာနေပြီး မကြာမီပင် ချိုးကန်ခုန်းကို ကျော်လွန်သွားခဲ့သည်။

လုမင်ရမှတ်များက နှစ်ထောင့်လေးရာဖြစ်သောအခါ ရှမ်ကွမ်းယွင်ယန်ကဲ့သို့ ထိပ်တန်းတစ်ဆယ်အတွင်းမှ ပါရမီရှင်များပင် ထွက်ခွာလာကြ၏။

"ချီး.. အချိန်မရှိတော့ဘူး"
လုမင်က ရေရွှတ်ကာ ပြန်ထွက်လာခဲ့သည်။

သည်မတိုင်ခင်က လုမင်ဟာ အနက်ရောင်ဝတ်လူများကိုကြည့်ကာ လေစွမ်းအားကို ဆင်ခြင်ခဲ့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now