466 - 470

292 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 466 ) ကောင်းကင်အလောင်းကောင်ဂိုဏ်း

ခဏကြာသောအခါ သူတို့အားလုံး ကောင်းကင်စကေးဂိုဏ်းမှ ထွက်ခွာ၍ မှော်ဓားဂိုဏ်းကို ဦးတည်လိုက်ကြသည်။

မှော်ဓားဂိုဏ်း၏ ခွန်အားဟာ ကောင်းကင်စကေးဂိုဏ်းနှင့် တူညီ၍ သိုင်းဘုရင်တစ်ပါးကို ပိုင်ဆိုင်ထားပေသည်။ သို့သော် လက်ရှိ အခြေအနေကတော့ အတူတူပင် ဖြစ်၏။

ဂိုဏ်းအတွင်းရှိ သိုင်းဘုရင်အပါအဝင် သိုင်းဘိုးဘေးအထက် သိုင်းပညာရှင်အားလုံး ပျောက်ဆုံးသွားပြီး အလောင်းပင် မကျန်ရစ်ခဲ့ပေ။ တိုက်ပွဲဖြစ်ပွားခဲ့ပုံ ခြေရာလက်ရာများသည်လည်း အတူတူပင် ဖြစ်၏။

ထိုအတွက်ကြောင့် ရှကျုံးနှင့် အခြားလူများဟာ မျက်မှောင်ကြုတ်နေကြတော့သည်။

ဤအခြေအနေက ထူးခြားလွန်းလှသည်။

"တစ်ဖက်လူတွေမှာ သိုင်းဘုရင်နယ်ပယ် တန်ခိုးရှင် နှစ်ယောက်ထက်မက ရှိနေနိုင်တယ်..။ အားလုံး သတိထားရမယ်"
ရှကျုံးက အလေးအနက်ပြောဆိုရင်း ကတုံးနှင့်လူကို လှည့်မေးလိုက်သည်။
"အကိုဝမ့်... ခင်ဗျားက စုံစမ်းနေတာ ရက်အတော်ကြာနေပြီ၊ ဘာတွေ့ထားပြီလဲ"

"အင်း.. ကျုပ်တို့တွေ ရန်သူတွေရဲ့ နောက်ထပ် လှုပ်ရှားလာနိုင်မဲ့ပစ်မှတ်ကို ခန့်မှန်းထားတယ်"
ကတုံးကြီး ဂုဏ်ယူဟန်ဖြင့် ပြုံးလိုက်၏။

"ကောင်းတယ်"
ထိုအခါ ရှကျုံး၊ ဟွမ်ကျင်းနှင့် တခြားသူများလည်း ဝမ်းသာသွားတော့သည်။

"ကျုပ်ရဲ့ ခန့်မှန်းမှုအရ နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ပစ်မှတ် ဖြစ်လာနိုင်တာက ခြင်္သေ့နက်ခန်းမပဲ"

"ခြင်္သေ့နက်ခန်းမရဲ့ခွန်အားက ကောင်းကင်စကေးဂိုဏ်း၊ မှော်ဓားဂိုဏ်းတို့နဲ့ အတူတူလောက်ပဲ..။ သူတို့ဆီမှာ သိုင်းဘုရင်နယ်ပယ် တန်ခိုးရှင်က တစ်ယောက်ပဲရှိတာ..။ ဒါကြောင့် ကျုပ်တို့က တစ်နေရာမှာပုန်းခိုပြီး စောင့်ဆိုင်းနေရုံပဲ... သူတို့တွေ လှုပ်ရှားလာမှ နောက်ယောင်ခံလိုက်သွားရင် သူတို့ရဲ့ ဌာနကိုလည်း တခါတည်း တွေ့ရပြီပေါ့"
ကတုံးကြီးက ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now