751 - 755

282 23 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 751 ) ရှေးဟောင်းမိသားစု၏ အရှိန်အဝါ။

လုမင်၏ စကားကိုကြားတော့ ကျန်းထိုက်ချုံ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"လုမင်၊ မင်းပြောတာ မှန်ပါတယ်၊ ကောင်းကင်ဘုရင် ကျောက်စာတိုင်မှာ  လူသတ်တာကို တားမြစ်ထားတာ မဟုတ်ဘူး။ ဒီအတွက် အရည်အချင်းမရှိလို့ တိုက်ပွဲမှာ သေဆုံးသွားကြတာ ဖြစ်သင့်တယ်။ ဒါပေမဲ့ ငါသိချင်တာ လူတစ်ယောက်က ရှေးဟောင်းမိသားစု ဆိုတဲ့စကားပဲ၊ မင်းဒီလိုပြောဖူးလား"
ဝမ့်ရန်က လေထဲတွင်ရပ်နေရင်းမှ မေးလိုက်သည်။ သူ့ထံမှ ခရမ်းရောင်မီးတောက်များက တောက်လောင်နေရာ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကလည်း ဆက်လက်ပျံ့လွင့်သွား၏။

အနီးနားရှိလူများသည်ပင် ကြောက်မက်ဖွယ်အပူချိန်ကို မခံနိုင်ဘဲ နောက်ပြန်ဆုတ်သွားကြရသည်။

"ငါပြောခဲ့တယ်"
လုမင်က ရိုးရှင်းစွာပင် တုံ့ပြန်လိုက်သည်။

"ဟားဟားဟား၊ တကယ်ကို ရယ်စရာပဲ"
ဝမ့်ရန်က ကျယ်လောင်စွာရယ်ပြီး နေငယ်နှစ်စင်းကဲ့သို့ တောက်ပသောမျက်လုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။
"တကယ်မိုက်မဲပြီး ဥာဏ်မဲ့တာပဲ၊ ရှေးဟောင်းမိသားစုက ဘာကိုကိုယ်စားပြုလဲဆိုတာတောင် မင်းသိရဲ့လား။ လူတစ်ယောက်က ရှေးဟောင်းမိသားစုတစ်ခုလို့ပြောတာ တကယ်ကို အရှက်မဲ့တာပဲ။  ကောင်းကင်က ဘယ်လောက်မြင့်တယ်ဆိုတာ တကယ်မသိဘူး"
   
“ဟုတ်တယ်၊ ငါ့မှာ တိုက်ခိုက်နိုင်စွမ်းရှိလို့ ငါ့နှလုံးသားကလည်း ကောင်းကင်ထက်မြင့်တာကို နားလည်နိုင်တယ်၊ ဒါပေမဲ့ မင်းမသိဘူးလား။ သိုင်းဘုရင်တစ်ယောက်က ဘယ်လောက်ပဲ သန်မာနေပါစေ ဘုရငိအဆင့်မှာပဲရှိသေးတယ်။ ရှေးဟောင်းမိသားစုက မင်းကိုသတ်ချင်ရင် လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ချေမှုန်းပစ်လို့ရတယ်"
ကျန်းထိုက်ချုံက လှောင်ပြောင်လိုက်သည်။ 

"ငါအခု မလုပ်နိုင်တာက အနာဂတ်မှာ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး" 
လုမင်၏ မျက်လုံးများက ခိုင်မာပြီး မြဲမြံသော ယုံကြည်မှုတို့ ပြည့်နှက်နေသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now