၀တ္ထုမိတ်ဆက် + ရှင်းလင်းချက်

1.8K 56 5
                                    

ဝတ္ထုစီးရီး 📘 ထာဝရနဂါး တန်ခိုးရှင်
စာရေးသူ 🖊 ထာဝရ(လုမင်)

လူငယ်လေး လုမင် ဟာ သွေးကြောလုယူခြင်း ခံရပြီး အသုံးမကျသူအဖြစ် အရှက်ခွဲမှုအမျိုးမျိုးကို ခံခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းမှုတစ်ခုကို ကြုံတွေ့ပြီး ထိပ်သီးကျွမ်းကျင်သူကြီးရဲ့ အမွေကို ဆက်ခံရရှိခဲ့ချိန်မှာတော့ သူ့ရဲ့ စွမ်းရည်တွေဟာ တဟုန်ထိုး ထိုးတက်သွားခဲ့ရတယ်။ ဒီလိုနဲ့ သူဟာ နဂါးတန်ခိုးရှင်ဖြစ်ပြီး ဒဏ္ဍာရီများစွာနဲ့ အတူ လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့တော့တယ်။

ဒီစာစဉ်ဟာ ကျင့်ကြံခြင်း/လှုပ်ရှားမှု/စိတ်ကူးယဉ်/ရွှမ်ဟွမ် အမျိုးအစားဖြစ်ပြီး စာစဉ်ရဲ့ မူရင်းနာမည်ကတော့ Everlasting Dragon Emperor ဖြစ်ပါတယ်။ မူရင်းရေးသားသူကတော့ Mu Tong Ting Zhu ပါ။ စာစဉ်ဟာ စလာကတည်းကကို ပျင်းစရာတစ်ချက်မှမကောင်းဘဲ တစ်ခန်းပြီးတစ်ခန်းကို ဆွဲဆောင်အားကောင်းလွန်းပါတယ်။ ဒါကြောင့် မဖတ်ရသေးရင် အခုပဲဖတ်ကြည့်လိုက်ကြပါတော့ ... ။


❄️❄️❄️❄️❄️❄️❄️❄️

Wattpad မှာတင်ထားတာတော့ ခုထိမတွေ့ရသေးပါဘူး။ဒီဘာသာပြန်ကို ကိုယ်မပိုင်ပါဘူး။FB မှာတော့ Free က ၁ထောင်ကျော်ထိ ရောက်နေပါပြီ။Free တင်ပေးတာမစောင့်နိုင်ရင် Wun Zinn မှာလည်းသွားဝယ်ဖတ်လို့ရသလို paid gp တွေလည်းရှိပါတယ်။ဒီစာစဉ်ကိုတင်တဲ့ fb ရဲ့ link လိုချင်ရင်လည်းလာတောင်းပါ။link ချပေးပါ့မယ်။

.......

သိုင်းစာစဉ်တွေကိုကြိုက်နှစ်သက်သူတစ်ဉီးပါ။ဒီလတွေအတွင်း fb မှာ ဇာတ်လမ်းဖတ်တော့မယ်ဆို မီးကရှယ်ပလန်နဲ့ကိုပျက်နေတာ။wifi ကလည်းမီးလာတဲ့အချိန်ကနည်းတော့ သုံးရတဲ့အချိန်က ခဏပဲရတယ်။ကြာလာတော့ ဖုန်း package ဖိုးတွေ ၊ ဖုန်းbill ဖိုးတွေလည်း တော်တော်လေးကိုဘတ်ဂျတ်ထိခိုက်လာပြီ။အဲ့ဒါကြောင့် ကိုယ်ဖတ်ချင်တဲ့အချိန်ဖတ်လို့ရအောင် ဒီမှာပြန်တင်တာပါ။ဒါမှ offline ထဲထည့်ပြီး အချိန်မရွေးဖတ်လို့ရအောင်ပါ။

ခွင့်ပြုချက်သွားမတောင်းထားပါ။Fb မှသက်ဆိုင်သူတွေရော ကိုယ့်ထက်အရင် wattpad မှာတင်တဲ့သူတွေရှိရင်ရော ကိုယ်ဒီလိုတင်တာမကြိုက်ရင် အချိန်မရွေးလာပြောလို့ရပါတယ်။အဲ့ချိန်ကျရင် တင်ထားသမျှတွေကို အကုန်ပြန်ဖျက်ပေးပါ့မယ်။

This story is not my own.
Crds by Fb official Name is " Everlasting Dragon Emperor ".
Crds by original author name is "Mu Tong Ting Zhu".
Crds by translator author names are - forever (ထာ၀ရ) & Ko Khant ( ကိုခန့် )




ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now