161 - 165

348 32 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 161 ) မြို့နတ်ဆိုးလှံ

'ဝိညာဉ်ကျောက်တုံးတွေက စွမ်းအင်ကုန်သွားလို့များလား'
လုမင် တွေးလိုက်မိသည်။

ထိုပုံရိပ်ကို သိပ်သည်းဖို့နှင့် ကြမ်းတမ်းသည့် တိုက်ပွဲတွေကို ဆင်နွှဲဖို့က စွမ်းအင်လိုအပ်မှာ သေချာသည်။

လုမင်ဟာ ကျောက်စင်မြင့်အပေါ်မှာ လျှောက်သွားရင်း စင်မြင့်၏ အလင်းရောင်တွေက တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတာကို မြင်လိုက်ရပါသည်။

"အလုပ်လုပ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ တကယ်လိုတာပဲ"
လုမင်ဟာ ပြဿနာကို အဖြေရှာတွေ့သွားပြီးမို့ စိတ်အေးသွားခဲ့ရပါသည်။

သို့သော် ယခုက ဆက်လက်လေ့ကျင့်ရမည့်အချိန် မဟုတ်ပေ။ သူက ဂြိုလ်ငယ်အတွင်းမှာ ရှိနေဆဲပင်ဖြစ်သည်။

ဤဂြိုလ်ငယ်က တုန်ယီမျိုးနွယ်၏ ဘိုးဘေးတွေ ချန်ရစ်ခဲ့သည့်အရာဖြစ်ပြီး ကြီးမားသော အခွင့်အလမ်းတွေ ပြည့်နှက်နေလေ၏။ ထို့ကြောင့်ပင် လုမင်က လက်မလွှတ်ချင်ပါချေ။

"နောက်မှပဲ လေ့လာတော့မယ်"
လုမင်က တီးတိုးရေရွှတ်လိုက်ပြီး အတွေးတစ်ချက်နှင့် ပါရာဂွန်ဘုရားကျောင်းအပြင်ကို ပြန်လည်ထွက်ခွာလိုက်ပါသည်။

"ဒီနန်းတော်မှာ ခန်းမကြီးအပြင် မရှာရသေးတဲ့ နေရာတွေ အများကြီးရှိသေးတာပဲ… ငါရှာပြီးရင်တော့ အခြားနေရာတွေကို သွားတော့မယ်"
လုမင်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး နန်းတော်၏ အခြားနေရာတွေကို စူးစမ်းရှာဖွေလိုက်ပါသည်။

ဤနန်းတော်၏  နေရာအများစုသည် ယိုယွင်းပျက်စီးသွားပြီး ၎င်းတို့ထဲမှ အနည်းငယ်မျှသာအဆင်ပြေပါသည်။

ကံမကောင်းစွာဖြင့် လုမင်ဟာ အခန်းတစ်ဒါဇင်ကျော်နှင့် ခန်းမကြီးတွေကို ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပါချေ။

"ဒီနေရာမှာ ‌နောက်ဖေးဘက်ကလွဲရင် ဘာမှမရှိတော့ဘူးပဲ… အဲဒီမှာမှ မတွေ့တော့ဘူးဆိုရင်တော့ ငါသွားတော့မယ်"
လုမင်က နန်းတော်နောက်ဖေးကို ပြေးသွားလိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Hikayelerin yaşadığı yer. Şimdi keşfedin