156 - 160

364 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 156 ) လူခွဲသွားကြခြင်း

တိုက်ပွဲကြီးတစ်ခုအတွင်းမှာ လူ လေးဆယ့်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပေသည်။

သိထားရသည်မှာ ထိုသူအားလုံးက ငွေအဆင့်တပည့်တွေဖြစ်းသလို သိုင်းဆရာသခင်နယ်ပယ် ကျွမ်းကျင်သူတွေလည်း ဖြစ်ကြပေသည်။ ရွှမ်ယွမ်ဓားဂိုဏ်းကဲ့သို့ မဟာဂိုဏ်းကြီးတစ်ခုအတွက်ပင် သိုင်းဆရာသခင်နယ်ပယ် ကျွမ်းကျင်သူ လေးဆယ့်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းက ကြီးမားသောဆုံးရှုံးမှုတစ်ခု ဖြစ်နေပါသေးသည်။

လူတိုင်း၏ မျက်နှာတွေက လေးနက်နေပြီး ဘာစကားမျှ မဆိုကြပါချေ။ ဆယ်မိနစ်ကျော် ကြာပြီးနောက် ချန်ခွမ်နှင့် အခြားသူတွေဟာ နေရာတစ်ခုရှာပြီး သူတို့၏ဒဏ်ရာတွေကို ကုသလိုက်ကြပါသည်။

လုမင်လည်း သစ်ပင်ကြီးတစ်ပင်ပေါ်ကို ခုန်တက်သွားခဲ့လေ၏။ ထို့နောက်မှာတော့ နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီကျင့်စဉ်ကို လှည့်ပတ်ကာ တိုက်ပွဲအတွင်းမှာ သူဝါးမျိုထားသော သွေးအဆီအနှစ်တွေကို သန့်စင်လိုက်တော့သည်။

လုမင်သည် အဆင့်လေးသိုင်းဆရာသခင်နှစ်ဦး၏  သွေးအ‌ဆီအနှစ်တွေကို ဝါးမျိုထားခဲ့ပြီး ၎င်းတို့၏ စွမ်းအင်တွေဟာ အလွန်တရာသိပ်သည်းပေ၏။ ယင်းက အလွန်သန်မာပြီး အဆင့်တစ် သိုင်းဆရာသခင် တစ်ရာ့ငါးဆယ်၏ သွေးအဆီအနှစ်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

ထိုမျှ ကြီးမားသောပမာဏရှိ သွေးအဆီအနှစ်တွေကို ခဏလေးအတွင်းမှာ သန့်စင်၍ မရနိုင်ပါချေ။

"ဟူး ဟူး"
ဝိညာဉ်ဝါးမျိုသွေးမျိုးဆက်သည် အသက်ရှုနေပုံရပြီး အသက်တစ်ခါရှုထုတ်လိုက်တိုင်းမှာ ကြီးမားသောစွမ်းအင်တွေက လုမင်၏ခန္ဓာကိုယ်အတွင်းကို စီးဝင်လာ၏။

လုမင်၏ စိုက်ပျိုးမှုအခြေခံကလည်း လျင်မြန်စွာတိုးတက်နေတော့သည်။

အဆင့်တစ် သိုင်းဆရာသခင် နှောင်းပိုင်းအဆင့်၊ အဆင့်တစ် သိုင်းဆရာသခင် အထွတ်အထိပ် အဆင့်…

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1On viuen les histories. Descobreix ara