261 - 265

309 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 261 ) မာနထောင်လွှားခြင်း

လုမင်ဟာ အရှိန်ပြင်းပြင်း ပြုတ်ကျသွားခဲ့သည်။   မြေပြင်ကိုကျခါနီးသောအခါမှ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်များ ပေါက်ကွဲကာ ထွက်ပေါ်လာ၏။ ထို့နောက်တော့ မြေပြင်ကို ခြေဖြင့်ဆောင့်နင်းကာ နောက်ပြန် ဆက်တိုက် ခုန်ထွက်သွားတော့သည်။

"ပြေးချင်တာလား… ဒီနေ့ မင်းဒီမှာသေရမှာကွ"
ကောင်းကင်မှာ အဝါရောင်ဝတ်လူငယ်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။

လက်ရှိတွင် သူက အံ့အားသင့်ကာ ဒေါသလည်းထွက်နေ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံက သိုင်းဘိုးဘေးနယ်ပယ် အဆင့်နှစ် အထွတ်အထိပ်ဖြစ်ကာ  ဓားချက်နှစ်ချက်လည်း ထုတ်ဖော်ပြီးချေပြီ။ သို့တိုင် လုမင်ကို အသေမသတ်နိုင်သေးပေရာ သူ့ကိုစော်ကားသလို ခံစားနေရတော့သည်။

"သေစမ်း"
အဝါရောင်ဝတ်လူငယ်က သူ့ဓားကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ ခုတ်ပိုင်းချလိုက်ပါသည်။

မီတာတစ်ရာရှည်သော ကြောက်မက်ဖွယ် ဓားအလင်းက လေထုကိုဖြတ်သန်းကာ လုမင်အနီးကို ချက်ချင်းရောက်လာ၏။

"ဂိုဏ်းတူအကိုဟွမ်… ကျုပ်လည်းဝင်ပါ ပါရစေ" အဝါရောင်ဝတ်လူငယ်ဘေးမှာ‌တော့ အဖြူရောင်ဝတ်လူငယ်တစ်ဦး ရှိနေ‌ခဲ့သည်။ ထိုလူငယ်ကလည်း ဓားချက်ထုတ်ဖော်လိုက်ရာ အလွန်ထက်မြသော ဓားစွမ်းအင်က လုမင်ဆီကို ရောက်လာပြန်တော့သည်။

လက်ရှိတွင် လုမင်ဟာ သေမင်းနှင့်ရင်ဆိုင်နေရသလို ခံစားလာရသည်။

"တားစမ်း… ပိတ်ဆို့လိုက်စမ်း"
လုမင်၏ မျက်လုံးတွေ နီရဲလာခဲ့သည်။ သူက ချီစွမ်းအင်တွေကို အရူးမူးလှည့်ပတ်ကာ ရှေးဟောင်းဒိုင်းလေးခုကလည်း သူ့အရှေ့မှာ ထွက်ပေါ်လာ၏။

"လူသားတာအိုလက်ဝါး"
လုမင်က လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ သူ့အရှေ့မှာ ဧရာမလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာ၏။ ထိုလက်ဝါးကြီးက လေစွမ်းအားနှင့် မီးစွမ်းအားကို ပေါင်းစပ်ကာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now