96 - 100

399 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 96 ) မိုးနှင့်မြေ၏ သဘာဝစွမ်းရည်

သူ့ရဲ့ နတ်ခန္ဓာက သိသိသာသာ လျင်မြန်စွာ တိုးတက်လာသော်လည်း မီးတောက်လှံသိုင်းကတော့ တိုးတက်မှုနှေးကွေးပါသည်။ ယင်းက တတိယအဆင့်သို့ ရောက်ရှ်ိရန် ခြေတစ်လှမ်းလိုနေသေး၏။

နောက်ဆုံးတွင် ယင်းက အနက်ရောင်အဆင့် သိုင်းပညာဖြစ်ပေသည်။ ယင်းကို ကျင့်ကြံဖို့က အဝါရောင်အဆင့် သိုင်းပညာထက် များစွာပိုခက်ခဲလေ၏။ မည်မျှခက်ခဲသည် ဆိုတာကိုမူ သူမသိနိုင်ပါချေ။

လုမင်ရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း များစွာ မတိုးတက်ခဲ့ပေ။ ဤအတောအတွင်း လုမင်ဟာ နတ်ဆိုးသားရဲများကို ရှာကြံသတ်ဖြတ်၍ သွေးအဆီအနှစ်စုပ်ယူခြင်း မပြုလုပ်ခဲ့ပါချေ။ ထို့ကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သိုင်းသခင်အဆင့်ရှစ် အစောပိုင်းအဆင့်မှာသာ ရှိသေး၍ အလယ်လတ်အဆင့်သို့ ရောက်ရှ်ိရန် ခြေတစ်လှမ်းလိုနေပါသေးသည်။

"ဟူး ဟူး"
လုမင်သည် လန်းနန်မီးနယ်မြေ၏ အလယ်စက်ဝိုင်းတွင် လှံသိုင်းလေ့ကျင့်နေ၏။ သူ့ရဲ့ လှံရှည်က နဂါးတစ်ကောင် ပျံသန်းနေသကဲ့သို့ ဝှေ့ယမ်းလှုပ်ရှားနေလေ၏။ ထိုအခါ စွမ်းအင်များကလည်း ပေါက်ကွဲထွက်ပေါ်နေလေရာ ဆယ်မီတာအတွင်းနယ်ပယ်ဟာ မုန်တိုင်းတိုက်ခတ်သလို ဖြစ်နေပေတော့သည်။

"ဒါက နည်းနည်းပဲ… နည်းနည်းလေးပဲ လိုနေတာ"
လုမင်ဟာ သူ့ရဲ့လှံသိုင်းက တတိယအဆင့်သို့ ရောက်ရှိတော့မှာကို ခံစားနေရပါသည်။ ယင်းက အမြဲတမ်းလိုလို အနည်းငယ်လိုနေသေးပြီး ပါးလွှာသော စက္ကူတစ်ရွက်လို ဖြစ်နေသည့်တိုင် သူမချိုးဖောက်နိုင်သေးပါချေ။

လုမင်ဟာ ချိုးဖောက်နိုင်မည့်နည်းလမ်းကို ကြိုးစားရှာဖွေရင်း မီးတောက်လှံသိုင်းကို စိတ်နှစ်ထားလိုက်ပါသည်။

"ဝုန်း ဂျုန်း"
ထိုစဉ် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာ၏။

လုမင်လည်း ထိတ်လန့်စွာဖြင့် လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now