756 - 760

269 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 756 ) လေဓားဂိုဏ်း။
   
"မိန်းကလေးရွမ်"
လုမင်က ရွမ်ထင်ထင်ကို ‌ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။

"ထင်ထင်၊ ငါက သူငယ်ချင်းနှစ်ယောက်နဲ့ အခုမှရောက်တာဆိုတော့ နေစရာမရှိသေးဘူး။ မင်းရဲ့ လေဓားဂိုဏ်းမှာ ခဏလောက်နေလို့ ရမလား"
ခုန်းကျင်းက ရွမ်ထင်ထင်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။

"တည်းခိုခန်း မရှိဘူးလား"
ရွမ်ထင်ထင်က ပြောလိုက်၏။

"တည်းခိုခန်းက ရှိပါတယ်၊ ဒါပေမယ့် လေ့ကျင့်ရတာ အဆင်မပြေဘူးလေ။  ငါ့သူငယ်ချင်းနှစ်ယောက်ကလည်း ပါရမီရှင်တွေပဲ၊ ဒါကြောင့် ဆိတ်ငြိမ်တဲ့နေရာမှာ သိုင်းတာအိုအကြောင်း ဆွေးနွေးနိုင်ရင် ပိုမကောင်းဘူးလား"
ခုန်းကျင်းက ရွမ်ထင်ထင်ကို မျှော်လင့်တကြီးဖြင့် ကြည့်လေသည်။

လုမင်ကတော့ စိတ်ထဲမှ လှောင်ပြောင်နေမိသည်။ ဤဖက်တီးက ရွမ်ထင်ထင်ကို ချဉ်းကပ်လိုသောကြောင့်သာ ဤအခွင့်အရေးကို ရယူပြီး သူမနှင့် နီးကပ်လိုခဲ့ခြင်းသာ ဖြစ်သည်။

"ငါ့ကောင် ဖက်တီး၊ ရှောင်ချင်းရဲ့ အမက…"
လုမင်က ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
   
"အဟမ်း... အဟမ်း၊ ရှောင်ချင်းရဲ့ အမဆိုတာ ဘယ်သူမှန်းတောင် ငါမသိဘူးနော်။ ထင်ထင်… ငါပြောတာ ဘယ်လိုသဘောရလဲ"
ခုန်းကျင်းက အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်သည်။

ရွမ်ထင်ထင်က ခဏစဉ်းစားပြီးမှ ပြောသည်။
"အင်း၊ ငါ့ရဲ့ခြံဝင်းက တော်တော်ကြီးပါတယ်။ နင်တို့သုံးယောက်ကို ထပ်ခေါ်ထားလို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဖက်တီး၊ နင်ပြဿနာမရှာရဘူး"

ခုန်းကျင်းလည်း ဝမ်းသာသွားပြီး ချက်ချင်းကျိန်ဆို ကတိပေးလိုက်လေသည်။

လုမင်လည်း ခေါင်းကိုခါယမ်းလိုက်မိသသည်။ ဤဖက်တီးက တကယ်ကို ထူးဆန်းသည်။

သို့သော်လည်း တည်းခိုခန်းမှာနေရသည်ထက် ပိုကောင်းတာမို့ လုမင်ကတော့ သဘာဝအတိုင်း ငြင်းမှာမဟုတ်ပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Tahanan ng mga kuwento. Tumuklas ngayon