761 - 765

262 23 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 761 ) အတင်းအကြပ် ခိုင်းစေခြင်း။

"မဟုတ်ဘူး၊ ကျွန်မ သဘောမတူဘူး၊ ဂိုဏ်းချုပ်… ရှင်အကူအညီတောင်းချင်ရင် တခြားသူတွေကို ပြောလို့ရတယ်၊ ဘာဖြစ်လို့ ချင်ဟဲတောင်ကို ပြောရမှာလဲ"
ရွမ်ထင်ထင်က မေးလိုက်သည်။
  
"တခြားသူတွေကို ပြောရမှာလား၊ ဘယ်သူ့ကို ပြောရမှာလဲ။ ပြောစမ်းပါဦး"
ရဲ့ဖာက လှောင်ပြောင်လိုက်၏။

"ကျွန်မမှာ မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းရှိသူ သူငယ်ချင်းတချို့ ရှိပါတယ်၊ သူတို့ကို ကူညီပေးဖို့ တောင်းဆိုနိုင်ပါတယ်"
ရွမ်ထင်ထင်က လုမင်၊ ခုန်းကျင်းနှင့် ရှဲ့နျန်ချင်းကိုကြည့်ကာ ပြောလိုက်သည်။
   
"ဟားဟားဟား၊ ရွမ်ထင်ထင်၊ အဲတာ မင်းရဲ့ ခြံဝန်းမှာနေတဲ့ ကောင်လေးတွေအကြောင်း ပြောနေတာ မဟုတ်လား"
စုလော့က ရယ်မောလိုက်သည်။

"ဟုတ်တယ်၊ သူတို့တွေပဲ"
ရွမ်ထင်ထင်က အံကြိတ်လိုက်သည်။

အဆင့်တစ် ဝိညာဉ်ပင်လယ် အထွတ်အထိပ်မှ မြောင်မိသားစုဝင် အဘိုးကြီးနှစ်ဦးကို အလွယ်တကူ ချေမှုန်းနိုင်သည့်  ခုန်းကျင်းနှင့် လုမင်တို့၏ ကျင့်ကြံခြင်းအခြေခံက အဆင့်နှစ် ဝိညာဉ်ပင်လယ်အထက်တွင် ရှိနေကြတာ သေချာသည်။ သူမတောင်းဆိုလျှင် ခုန်းကျင်းနှင့် အခြားသူများကလည်း သဘောတူလိမ့်မည်ဟု ရွမ်ထင်ထင် တွေးနေမိ၏။

"ဟားဟားဟား၊ ရယ်စရာပဲ… ဒီကောင်လေးတွေက မင်းကို ဘာကူညီပေးမှာလဲ၊ ငါတို့ကို မင်းနဲ့အတူ ဆွဲချချင်လို့လား။ နတ်သမီးလေးလို ချောမောလှပတဲ့ မိန်းကလေးနဲ့ အလှပြိုင်တဲ့ အစီအစဉ်တစ်ခုလုပ်ဖို့ တောင်းဆိုချင်တာလား"
စုလော့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟမ့်၊ သူက တာဝန်ရှောင်လွှဲဖို့ အကြောင်းပြချက်ရှာချင်နေတာ၊ ဂိုဏ်းကို လုံးဝ ဂရုမစိုက်ဘူး၊ သူ့ကိုယ်သူပဲ ဂရုစိုက်တယ်"
ရဲ့ချင်းက အေးစက်စက်ဖြင့် ပြောလိုက်၏။

"တော်ပြီ၊ ချင်ဟဲမိစ္ဆာညီနောင် ဆရာကြီးနှစ်ယောက်က အဆင့်လေး ဝိညာဉ်ပင်လယ်နဲ့ အဆင့်သုံး ဝိညာဉ်ပင်လယ် အထွတ်အထိပ်ကို ရောက်နေခဲ့ကြပြီ။ ဒီလို တိုက်ခိုက်နိုင်စွမ်းကို ဘယ်မှာ ရှာလို့ ရနိုင်မှာလဲ၊ သူတို့ကို တောင်းဆိုတာက အကောင်းဆုံးကိစ္စပဲ၊ ဒီကိစ္စက ဆုံးဖြတ်ပြီးပြီ"
ရဲ့ဖာက ပြောလိုက်သည်။
   
"မဟုတ်ဘူး၊ ကျွန်မ သဘောမတူဘူး။ ဂိုဏ်းချုပ်… ချင်ဟဲမိစ္ဆာညီနောင်က ဘယ်လိုလူမျိုးဆိုတာ ရှင်မသိတာလည်း မဟုတ်ဘူး။ သူတို့နှိပ်စက်လို့ သေဆုံးသွားရတဲ့ မိန်းကလေးတွေလည်း မနည်းတော့ဘူး"
ရွမ်ထင်ထင်က ခေါင်းခါယမ်းပြီး ငြင်းသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now