911 - 915

271 30 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 911 ) ပါရမီရှင်နှစ်ဦးကို သတ်ခြင်း။

ကျန်းထိုက်ချုံက လုမင်ရှေ့တွင် တားဆီးထားချိန်တွင် သူ့နောက်မှ ဈမ့်ရန်က ပြေးတက်လာပြန်သည်။

လုမင် မလွတ်တော့ပေ။
   
သို့သော်လည်း ယခုအချိန်တွင် လုမင််၏မျက်နှာက အလွန်တည်ငြိမ်နေသည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် အရိပ်အမြွက်များပင် ထွက်ပေါ်လာခဲ့၏။

'မဟုတ်သေးဘူး'
ဘာကြောင့်မှန်းမသိဘဲ ကျန်းထိုက်ချုံ၏ နှလုံးတွင် နားမလည်နိုင်သည့် အခက်ခဲတစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော်လည်း ထိုခံစားချက်က ဘယ်ကလာမှန်း သူမသိပေ။

ထိုသည်က လုမင်ပင်လော။ လုမင်၏ ကျင့်ကြံခြင်းအရတော့ သူတို့ပြိုင်ဘက် မဖြစ်နိုင်ပါချေ။
   
ဝမ့်ရန်လည်း အနောက်မှ နီးကပ်လာခဲ့ပြီ။
   
ထိုအချိန်တွင်၊ လုမင်က မြေပြင်ကို ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်သည်။ ထိုအခါ ထူထပ်သော ကမ္ပည်းစာများ ရုတ်တရက် ပေါ်လာပြီး ဝင်္ကပါကြီးများ ဖြစ်လာခဲ့၏။

"ချက်ချင်း ရေးထိုးထားတဲ့ ဝင်္ကပါနဲ့ ငါတို့ကို ကိုင်တွယ်ချင်နေတယ်၊ တကယ်ကို အိပ်မက်မက် နေတာပဲ"
ဝမ့်ရန်က လှောင်ပြောင်လိုက်သည်။ သို့ရာတွင် နောက်အခိုက်မှာတော့ သူ့မျက်နှာဟာ သိသိသာသာ ပြောင်းလဲသွား၏။

"မဟုတ်ဘူး၊ ဒါက အဆင့်ခုနစ် ဝင်္ကပါပဲ၊ အဆင့်ခုနစ် ဝင်္ကပါကို ချက်ချင်းကြီး မင်းဘယ်လို တည်ဆောက်နိုင်တာလဲ"
ဝမ့်ရန် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

အဆင့်ခုနစ်ဝင်္ကပါမှာ သာမန် အဆင့်ခုနစ် ကမ္ပည်းသခင်များပင် ချက်ချင်းရေးထိုး၍မရပေ။ အဆင့်မြင့် အဆင့်ခုနစ် ကမ္ပည်းသခင်များမှသာ လုပ်နိုင်သည်။

ယင်းကို လုမင်က မည်သို့လုပ်နိုင်ခဲ့သနည်း။
   
"မကောင်းတော့ဘူး၊ နောက်ဆုတ်"
ကျန်းထိုက်ချုံ မျက်နှာပျက်သွားပြီး ချက်ချင်း‌ နောက်ဆုတ်သွားရန် ကြိုးစားလိုက်သည်။
   
သို့သော် နောက်ကျနေခဲ့ပြီ။ ဝင်္ကပါအတွင်းမှ နွယ်ပင်များထွက်လာကာ ကျန်းထိုက်ချုံနှင့် ဝမ့်ရန်ကို ရစ်ပတ်လိုက်ကြသည်။
   
"ချိုးဖြတ်လော့"
ကျန်းထိုက်ချုံထံမှ အကြွင်းမဲ့ ထက်မြမှုအရှ်ိန်အဝါများ ထွက်ပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းများထွက်လာပြီး နွယ်ပင်တချို့ကို ဖြတ်တောက်သွား၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now