786 - 790

289 25 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 786 ) ဝမ့်ခုန်းနှင့် တိုက်ခိုက်ခြင်း။

ဝမ့်ခုန်းက လုမင်၏ တံဆိပ်ပြားကို ယူငင်တော့မည်ကို အခြားသူများမှ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ကြသည်။

လုမင် မည်ကဲ့သို့ တုံ့ပြန်မည်ကို သိလိုကြ၏။

ချူကျုံးရွယ်က တစ်ခုခုပြောလိုသော်လည်း ချီတုံချတုံဖြစ်နေသည်။ သူက လုမင်အတွက် စကားပြောချင်သော်လည်း ဝမ့်မိသားစုသည် အလွန်အင်အားကြီးမား၏။ ထို့ကြောင့် ခဏလောက်စဉ်းစားနေသော်လည်း အဆုံးတွင် မပြောဖြစ်ခဲ့ပေ။

"ထွက်သွား၊ လူတွေသွားတဲ့လမ်းကို ခွေးတွေ လာမပိတ်နဲ့"
လုမင် လုံးဝ စိတ်မရှည်တော့ပေ။ သူ့မျက်နှာက အေးစက်လာပြီး အေးစက်စက်ဖြင့် ငေါက်လိုက်သည်။

"သေချင်နေတာပဲ"
ဝမ့်ခုန်း၏ မျက်လုံးများကလည်း လုံးဝ အေးစက်သွား၏။  သူ့ခန္ဓာကိုယ်က  မီးတောက်များနှင့် ပြည့်နှက်လာကာ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ဖြင့် ဟင်းလင်းပြင်ကို အက်ကွဲသွားစေခဲ့တော့သည်။

"ဝုန်း"
ဓားမြှောင်ကဲ့သို့ သူ့လက်ကိုဆန့်ထုတ်ကာ လုမင်ဆီသို့ ခုတ်ပိုင်းချလိုက်သည်။

"ထွက်သွား"
လုမင်ကလည်း အတားဆီးမဲ့သော ကောင်းကင်သိုင်းကိုသုံးပြီး လက်ဝါးဖြင့် ပြန်ရိုက်ချလိုက်၏။

"ဝုန်း"
ထိပ်တိုက်တွေ့ဆုံပြီးနောက် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ လုမင်ခန္ဓာက အနည်းငယ်ယိမ်းယိုင်သွားသော်လည်း ဝမ့်ခုန်းကတော့ ခြေနှစ်လှမ်းဆုတ်လိုက်ရ၏။ သူက ခြေချလိုက်သည့်နေရာရှိ ကျောက်သားများမှာလည်း ကြောက်မက်ဖွယ် အပူချိန်များကြောင့် အငွေ့ပျံသွားကာ အမှောင်တွင်းနှစ်ပေါက် ဖြစ်ပေါ်လာတော့သည်။

"လေထဲမှာ တိုက်ခိုက်မယ်"
လုမင်က ကောင်းကင်အမြင့်သို့ ပျံသန်းသွားခဲ့သည်။ 
  
"သတ်ပစ်"
ဝမ့်ခုန်း၏ သတ်ဖြတ်ချင်စိတ်က လှိုင်းလုံးတစ်ခုကဲ့သို့ လှိမ့်တက်လာကာ  အပူချိန်ကလည်း ပို၍ ကြောက်စရာကောင်းလာသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now