826 - 830

281 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 826 ) နဝမနဂါး နတ်ဘုရား ဒယ်စောက်အိုး။

"သွားမယ်လေ၊ အတူတူသွားကြမယ်။ မင်းကို ဘယ်သူကမှ ခွင့်မပြုဘူးလဲ၊ အဲဒီလူကို ငါ ကန်ထုတ်လိုက်မယ်"
လုမင်က ရယ်မောလိုက်သည်။
   
ချောင်းရွယ်လည်း ဝမ်းသာသွားလေသည်။

ထို့နောက် ချောင်းရွယ်က ချောင်းလုံကို ခွင့်တောင်းသောအခါ သဘာဝအတိုင်း သဘောတူခဲ့သည်။

ထိုသို့သော‌ တွေ့ဆုံပွဲမျိုးတွင် ပါဝင်နိုင်ခြင်းက သူမ၏ အသိပညာနှင့် အမြင်တို့ကို တိုးမြင့်လာစေနိုင်ပြီး အနာဂတ် ကျင့်ကြံခြင်းအတွက်လည်း များစွာ အထောက်အကူဖြစ်စေမည် ဖြစ်သည်။

ချက်ချင်းပင် သူတို့အဖွဲ့က နဂါးကိုးကောင် မြို့အလယ်သို့ ဦးတည်ပျံသန်းသွားခဲ့သည်။

မိုင်သောင်းဂဏန်း အကွာအဝေးက သူတို့အတွက်တော့ မဝေးလှပေ။ သူတို့အဖွဲ့ဟာ အလျင်စလိုဘဲ စကားစမြည်ပြောရင်း ပျံသန်းသွားခဲ့သည်။

ထို့နောက် တစ်ရက်မပြည့်မီပင် ရောက်ရှိလာခဲ့ကြ၏။
   
မိုင်ထောင်ပေါင်းများစွာအကွာမှပင် မြို့အလယ်ရှိ နဂါးသွေးကြော သုံးခုအနက်မှ တစ်ခုဖြစ်သော  ကွေ့ကောက်လှည့်ပတ်ကာ ကြီးကျယ်ခမ်းနားသည့် တောင်တန်းတစ်ကြီးကို တွေ့မြင်ရနိုင်သည်။

သူတို့လူစုဟာ နောက်ထပ် ပျံသန်းလာပြီးနောက် မရေမတွက်နိုင်သော အဆောက်အအုံများ ရှေ့တွင် ပေါ်လာသည်။

ဤတွင် နန်းတော်များ၊ မဏ္ဍပ်များနှင့် ဈေးဆိုင်များပင်ရှိပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးကို မမြင်နိုင်ပါချေ။

ဤသည်မှာ မြို့တစ်မြို့ဟု ထင်ရသော်လည်း မြို့ရိုးမရှိပေ၊ ဤမြို့တွင် မရေတွက်နိုင်သော အဆောက်အအုံများသာ ရှိသည်။

အဆောက်အဦးများမှာတော့ လူများက သွားလာ၊ ဝင်ထွက်နေကာ သက်ဝင်လှုပ်ရှားနေပေသည်။

ဤတွင် စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ဈေးဆိုင်များနှင့် အမျိုးမျိုး  ရှိသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now