906 - 910

255 25 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 906 )  မွန်းစတားမျိုးနွယ်မျောက် ကြီး။

၎င်းက တတိယအဆင့်တာအိုကိုပင် အဆင့်တက်ရန် ကူညီပေးနိုင်ပေလိမ့်မည်။
   
ဤကဲ့သို့ ရှားပါးရတနာမျိုးသည် ပြင်ပကမ္ဘာ၌ မြင်ရခဲလှသည်။
   
'ငါယူရမယ်'
လုမင်စိတ်ထဲတွင် ဤဝမ်ရှန်းသစ်သီးများက သူ့အတွက် အလွန်အရေးကြီးသည်ဟု အော်လိုက်သည်။

လုမင်လည်း မတုံ့ဆိုင်းဘဲ ကောင်းကင်သို့ ပြေးတက်ကာ ဝမ်ရှန်းသစ်သီးပင်သို့ ပြေးသွား၏။
  
တစ်ချိန်တည်းမှာပင် ဝမ်ရန်နှင့် အလောင်းရုပ်သေးတို့ကလည်း ကောင်းကင်သို့ ပြေးတက်သွားတော့သည်။

"ထွက်သွား၊ ဝမ်ရှန်းသစ်သီးက ငါ့အတွက်ပဲ"
ဝမ့်ရန်က အော်ဟစ်လိုက်သည်။ သူ့ထံမှ မီးတောက်များ ထွက်ပေါ်လာကာ လုမင်နှင့် အလောင်းရုပ်သေးရုပ်ကို နှစ်ကြိမ်ဆက်တိုက် ထိုးလိုက်၏။

အ‌လောင်းရုပ်သေးကလည်း လုမင်နှင့် ဝမ့်ရန်တို့ကို ရိုက်ချက်နှစ်ချက်ဖြင့် ချက်ခြင်း ပေါက်ကွဲထုတ်ဖော်ခဲ့သည်။

သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် ပိတ်ဆို့တိုက်ခိုက်ကာ ဝမ်ရှန်းသစ်သီးအားလုံးကို တစ်ယောက်တည်း ရယူချင်ကြသည်။

"မင်းတို့ကောင်တွေ ထွက်သွား"
လုမင်က အတားဆီးမဲ့သော ကောင်းကင်သိုင်းကိုသုံးကာ လက်သီးနှစ်လုံး ဆက်တိုက်ထုတ်လိုက်သည်။ သူက ဝမ့်ရန်နှင့် အလောင်းရုပ်သေးကို ပြန်လည် တွန်းလှန်လိုက်၏။
   
သုံးယောက်သား တစ်ချိန်တည်းတွင် နောက်ပြန်ဆုတ်သွားရတော့သည်။

နောက်အခိုက်တွင် လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရုပ်သေးကြီးနှစ်ကောင် ထွက်ပေါ်လာပြီး ဝမ့်ရန်နှင့် အလောင်းရုပ်သေးဆီသို့ ပြေးသွား၏။

ဤရုပ်သေးနှစ်ကောင်ကို အစွမ်းထက်သော အရှိန်အဝါများက လွှမ်းခြုံထားသည်။

ဤရုပ်သေးနှစ်ကောင်က အဆင့်ခုနစ် အလွှာတစ်မှ ရုပ်သေးရုပ်များ ဖြစ်ပေသည်။

လုမင်က ကမ္မတိုက်ပွဲမစတင်မီ ရတနာတစ်သောင်းအဆောက်အဦးမှ ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်ရှိစိတ်စွမ်းအားအရ အဆင့်ခုနစ် အလွှာတစ်မှ ရုပ်သေးများကို ထိန်းချုပ်ရန်မှာ လုံလောက်သည်ထက် ပိုသာသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now