531 - 535

294 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 531 ) အလယ်လတ်အဆင့် မီးစွမ်းရည် တာအိုကျောက်

"ဝုန်း"
တန်တန်က အလောင်းစောင့်မျက်နှာကို ဝင်ဆောင့်လိုက်ရာ အတွင်းပိုင်းသို့ပင် ချိုင့်ဝင်သွားရ၏။

ဤအခြေအနေကြောင့် အလောင်းစောင့်ဟာ ယာယီအသိစိတ်လွတ်သွားပြီး သန့်စင်အလောင်းနှစ်လောင်းကိုလည်း မထိန်းချုပ်နိုင်တော့ပေ။

ဤအချိန်ခဏဟာ လုမင်အဖို့တော့ လုံလောက်သည်ထက် ပိုသည်။

လုမင်လည်း ယင်းအလောင်းစောင့်ထံ အလျင်အမြန် ပြေးဝင်သွား၏။

"အား"
အန္တရာယ်ကို ခံစားရသောအခါ အလောင်းစောင့် အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် သန့်စင်အလောင်းနှစ်ကောင်ကိုထိန်းချုပ်ကာ အလျင်စလို ဆုတ်ပြေးလိုက်၏။

သို့သော် အလွန်နောက်ကျသွားခဲ့ပြီ။

"ရွှစ်"
လုမင်က အလောင်းစောင့်နှလုံးသားကို လှံနှင့် ပစ်ထိုးလိုက်သည်။

အဆင့်ခြောက်သိုင်းဘုရင် အလောင်းစောင့်လည်း ချက်ချင်းသေဆုံးသွား၏။

အလောင်းစောင့် သေဆုံးသွားသောအခါ သူထိန်းချုပ်ထားသော အလောင်းနှစ်လောင်းသည်လည်း လေထဲတွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။

တခြား အဆင့်ခြောက်သိုင်းဘုရင် အလောင်းစောင့်ဟာ မူလကတော့ ကူညီချင်ခဲ့ပါသေးသည်။ သို့ရာတွင် ဤအခြေအနေကို မြင်သောအခါ ကမန်းကတန်း အနောက်ပြန်ဆုတ်သွား၏။

၎င်းက သန့်စင်အလောင်း သုံးကောင်ကို နံဘေးတွင် ဝိုင်းရပ်ထားစေကာ သတိအပြတ်မခံတော့ပေ။

လုမင် မျက်လုံးအရောင်လက်သွားကာ လှမ်းကြည့်လိုက်သည်။

အလောင်းစောင့်က ကာကွယ်ရေးကိုသာ အာရုံစိုက်ထားလျှင် သူ့ကိုသတ်ရန်က မလွယ်တော့ပေ။

မကြာမီပင် အလောင်းစောင့်များနှင့် သန့်စင်အလောင်းများဟာ ထွက်ပြေးပျောက်ကွယ်သွားတော့သည်။

ဤတိုက်ပွဲတွင် နောက်ဆုံးအနိုင်ရခဲ့သူက လုမင်ပင်  ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now