406 - 410

315 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 406 ) မာနထောင်လွှားသော

"ဝှစ် ဝှစ်"
ထိုစဉ် ကောင်းကင်၌ အဝတ်အစား လေတိုးသံများ ထွက်ပေါ်လာပြီး လူအများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"မီးလျှံနီတောင်တန်းက ပါရမီရှင်တွေ၊ မီးလျှံ‌နီတောင်တန်းက လူတွေ ထပ်ရောက်လာပြန်ပြီဟေ့"

"နောက်ထပ် အထူးဒေသတစ်ခု၊ ငါတို့အတွက် ကျန်ပါဦးမလား"

"နောက်ပြီး မီးလျှံနီတောင်တန်းက အသန်မာဆုံးပါရမီရှင်လည်း ရောက်နေပြီ"

ထိုလူစု ရောက်လာသည်နှင့် စကားသံများ ထွက်ပေါ်လာပြန်သည်။

ဖီးနစ်ရေကန်ဒေသမှ ပါရမီရှင်များပင် မျက်မှောင်ကြုတ်သွားကြ၏။

"ဟားဟားဟား.. ဟွမ်းကျစ်ရွှမ်း၊ မင်းတို့လည်း ရောက်လာကြတာပဲ"
မီးလျှံနီတောင်တန်း၏ ပါရမီရှင်များက ဖီးနစ်ရေကန်ဒေသမှ လူများနှင့် ဆန့်ကျင်ဘက်တွင် ဆင်းသက်လိုက်ကြသည်။ ၎င်းတို့အနက် အနီရောင်ဆံရှည် လူငယ်တစ်ယောက်က ပြုံးလျက် ပြောလိုက်၏။

"ပု‌ဖေးဟန်၊ မင်းတောင်မှ လာနိုင်ရင် ငါလာနိုင်တာက ပုံမှန်ပါပဲ"
ဟွမ်းကျစ်ရွှမ်းက လှောင်ပြောင် ပြောဆိုလိုက်သည်။

"ဟားဟားဟား.. လူစည်နေကြပါလားဟေ့၊ ဒါဆို ငါ့ကိုပါ ထည့်တွက်လိုက်ပါဦး"
အသံကျယ်ကျယ် ရယ်မောသံနှင့်အတူ ကောင်းကင်ယံမှ သက်တန့်အလင်းဒါဇင်များစွာ ထွက်ပေါ်လာသည်။

ထို့နောက် ရေကန်တစ်ဖက်တွင် သက်တန့်များ ပျောက်ကွယ်သွားပြီး လူရိပ်များစွာ ထွက်ပေါ်လာကြ၏။

"အထူးဧရိယာ ယန်ချွမ်ချိုင့်ဝှမ်းဒေသ"

တစ်ယောက်က စိတ်ပျက်လက်ပျက် ရေရွှတ်လိုက်သည်။

အထူးဧရိယာများက တစ်ခုပြီးတစ်ခု ရောက်လာနေပြီး ၎င်းတို့၏ အသန်မာဆုံး ပါရမီရှင်များလည်း ရှိနေသည်။

ယန်ချွမ်ချိုင့်ဝှမ်းဒေသပါ ရောက်ရှိလာသောအခါ ဟွမ်းကျစ်ရွှမ်းနှင့် ပုဖေးဟန်တို့ မျက်နှာမဲ့ကုန်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now