901 - 905

268 25 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 901 ) သရီးအိုင်းမျိုးနွယ်များနှင့် ထပ်မံတွေ့ခြင်း။

နာရီဝက်ခန့်ကြာသောအခါ လုမင် မျက်လုံပြန်ဖွင့်လိုက်သည်။ ထိုအခါ သူ့မျက်လုံးများတွင် တုန်လှုပ်မှုအပြင် စိတ်ဓာတ်တက်ကြွမှုများ ဖြစ်လာခဲ့၏။

အမှန်တကယ် သန့်စင်သည်။

လုမင်သည် နဝမနဂါးသွေးမျိုးဆက်က သွေးအနှစ်သာရ၊ လတ်ဆတ်သောသွေး၊ ယွမ်ချီနှင့် အခြားစွမ်းအင်များအပြင် တာအိုများကိုလည်း သန့်စင်ပေးနိုင်ကြောင်း တွေ့ခဲ့ရ၏။

တာအိုများကို တစ်ရာရာခိုင်နှုန်း မသန့်စင်နိုင်သော်လည်း အစိတ်အပိုင်းတစ်ခုက လုမင်၏ ကိုယ်ပိုင်တာအိုများတွင် ပေါင်းစပ်ထားဆဲဖြစ်သည်။ ထိုအခါ သူ၏ တာအိုကလည်း ခုန်ပျံကျော်လွှားခြင်းဖြင့် သိသိသာသာ မြင့်တက်လာလိမ့်မည်။

ဤခံစားချက်သည် အလွန်ဆန်းကြယ်သောကြောင့် စကားလုံးဖြင့်ပင် ရှင်းပြရခက်သည်။

သေလူဆယ်ဦးကျော်၏ တာအိုများကို သန့်စင်ပြီးနောက် သူ၏ လေနှင့်မီး တာအိုနှစ်ခုက သိသိသာသာ တိုးတက်ခဲ့ပေသည်။
  
ရေတာအိုကိုတော့ လုမင် နားမလည်သောကြောင့် ပျောက်ကွယ်သွားစေခဲ့သည်။

ယခုအချိန်တွင် လုမင်၏ စိတ်နေစိတ်ထားက စိတ်ဓာတ်တ်ကြွခြင်းဟုသာ ဖော်ပြရနိုင်သည်။ သူသည် တာအိုများကိုပင် ဝါးမျိုချပြီး ကျုယ်ပိုင်အဖြစ် အသုံးပြုနိုင်စွမ်းရှိ၏။ ထို့ကြောင့် နောက်ပိုင်းတွင်၊ သူ၏ ကျင့်ကြံခြင်းကလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်ပေလိမ့်မည်။

"ဟားဟားဟား"
လုမင် မနေနိုင်တော့ဘဲ အားပါးတရ ရယ်မောလိုက်သည်။

တာအိုကို နားလည်လွယ်လျှင် ဘာဖြစ်ပါမည်နည်း။ နားလည်လေလေ မြန်မြန်တိုးတက်လာလေ ဖြစ်ရပေလိမ့်မည်။

လုမင်၏ နှလုံးသားက စတင်လှုပ်ရှားလာသည်။ သူသည် အခြားတာအိုများကိုပါ နားလည်သင့်သလား သို့မဟုတ် ဖယ်ရှားရမည်လောဟု တွေးလိုက်မိပေသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now