306 - 310

316 31 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 306 )  သွေးနီကြေးခွံဝံပုလွေဘုရင်

"အလောင်းအစားလား"
လုမင် အံ့ဩသွားခဲ့လေ၏။

"အင်း… အဲဒီ သွေးနီကြေးခွံ ဝံပုလွေနှစ်ကောင်ကိုပဲ လောင်းကြမှာ… အဲဒီမှာ သိုင်းဘိုးဘေးနယ်ပယ် အဆင့်သုံး နှစ်ကောင်ရှိတယ်လေ… နင်နဲ့ငါ ဘယ်သူက အရင်အနိုင်ရမယ်ဆိုတာကို လောင်းမယ်… နင်လောင်းရဲလား"
ရှဲ့နျန်ချင်းက လုမင်ကို မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ အခြားသူတွေက သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်လာ၏။

လုမင်နှင့် ရှဲ့နျန်ချင်းက အတူယှဉ်ရပ်နေလျှင် ရွှေလုလင်နှင့် ကျောက်စိမ်းမိန်းမပျိုလေးလို ရှေ့သွားနောက်လိုက် ညီလှသည်။ ရှဲ့နျန်ချင်းဟာ အင်ပါယာမြို့တော်မှာကတည်းက လုမင်နှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် အခြားသူတွေက သူတို့နှစ်ယောက်၏ ဆက်ဆံရေးဟာ သာမန်မဟုတ်ဟု ထင်နေခဲ့ကြလေ၏။

ထိုအချိန်တွင် ရှဲ့နျန်ချင်းက လုမင်ကို အလောင်းအစားလုပ်ရန် ပြောဆိုလာပေရာ အားလုံးက ချစ်သူနှစ်ဦးကြား ပျော်စရာရှာခြင်းဟု ထင်လိုက်ကြသည်မှာ သဘာဝပင် ဖြစ်တော့သည်။

အခြားတစ်ဖက်မှာတော့ မင်ကျူးဟာ အလွန်လှပသော ရှဲ့နျန်ချင်းကိုကြည့်ပြီး နှလုံးသားထဲကနေ သက်ပြင်းတစ်ချက်သာ ချလိုက်မိပါသည်။

တိုင်းပြည်တွေကိုပင် ပြိုပျက်စေနိုင်လောက်အောင် လှပလွန်းသော ရှဲ့နျန်ချင်းသာ လုမင်နှင့် ထိုက်တန်မည်ဟု သူမကိုယ်တိုင်လည်း ထင်မြင်လေ၏။

သူနှင့် လုမင်ကြားမှ ကွာဟချက်ကမူ ယခုအချိန်မှာပင် ‌ကြီးမားနေခဲ့ချေပြီ။ ထိုကွာဟချက်ဟာ အနာဂါတ်မှာ ပိုမိုကြီးမားလာနိုင်၏။

မင်ကျူးလည်း သက်ပြင်းတစ်ချက်ချကာ သူ့နှလုံးသားထဲက အတွေးတွေကို ဖုံးကွယ်လိုက်ပါသည်။ ထို့နောက် ပြုံးရွှင်စွာဖြင့် လုမင်ကို လှမ်းကြည့်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now