61 - 65

437 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ကိုခန့်
အပိုင်း ( 61 ) တာဝန်လက်ခံခြင်း

လုမင်ရဲ့ နှုတ်ခမ်းမှာ အဆီဝေ့နေပြီး အချိန်တိုအတွင်းမှာ အသားကင်များစွာကို စားပစ်လိုက်ပါသည်။

"ကျောက်တုံးလေး(ပန်ရှီ) ခင်ဗျားရဲ့ အသားကင်လက်ရာကတော့ ရှယ်ကောင်းတာပါလား!"
လုမင် ချီးကျူးလိုက်သည်။

"ဟားဟားဟား… ကျုပ်က ငယ်ငယ်ကတည်းက အမဲလိုက်ပြီး အသားတွေကင်စားနေကြလေ… ဒီနည်းကိုလည်း ကိုယ့်ဘာသာပဲတတ်လာရတာဆိုပါတော့"
ပန်ရှီက ရယ်မောပြီး အရက်တစ်အိုးကိုထုတ်ယူပြီး ပြောလိုက်သည်။
"လာလာ… ဂိုဏ်းတူအကိုလုမင်… ဒီဆေးအရက်ကိုတော့ ဟွာချီက ဝယ်လာရတာ… ဒါက ဒဏ်ရာတွေအတွက် ကောင်းတယ်လေ… အရက်နဲ့အသားကင် ရှယ်လိုက်တာပေါ့"

"ကောင်းတယ်ဟေ့… လာလာ၊ အတူတူသောက်ကြရအောင်!"
လုမင် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

လူငယ်သုံးဦးဟာ လွတ်လပ်စွာပင် အရက်သောက်၊ အသားကင်စားရင်း အနားယူနေခဲ့ကြပါသည်။

နာရီအနည်းငယ်အကြာတွင် ‌သွေးတောဆိတ်တစ်ကောင်လုံးကို သုံး‌ယောက်ထဲ အပြောင်ရှင်းလိုက်ကြသည်။

အရက်အိုးအတော်များများလည်း ကုန်သွားခဲ့လေပြီ။

ပန်ရှီနှင့် ဟွာချီဆိုရင် အလွန်မင်းမူးယစ်နေလေ၏။

ဟွာချီက လေးလံနေသော မျက်ခွံတွေကို ကြိုးစားပင့်ကာ ပန်ရှီရဲ့ ပုခုံးကိုဖက်ပြီး ပြောလိုက်သည်။
"ခင်ဗျားတို့ကို ရိုက်မှာနော်… ကျုပ်ခင်ဗျားတို့ကို အနာဂါတ်မှာရိုက်ဦးမှာ… ခင်ဗျားတို့အားလုံးကို ရိုက်ပြမယ်"

ပန်ရှီကလည်း ပြောလိုက်ပါသည်။
" ကျုပ် ခင်ဗျားအနိုင်ရမယ်ဆိုတာတော့ သိပါတယ်… ဒါပေမယ့် ဂိုဏ်းတူအကို လုမင်က တကယ်အံ့ဩဖို့ကောင်းတုံးပဲ… ကျုပ်သာ ဂိုဏ်းတူအကိုလုမင်လို အစွမ်းထက်လာခဲ့ရင် အဖေနဲ့အမေက အရမ်းဂုဏ်ယူမိကြမှာ"

လူငယ်နှစ်ဦးက ပြောချင်ရာတွေ‌ ပြောပြီးနောက် ခြံထဲမှာပဲ အိပ်ပျော်သွားတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now