926 - 930

251 28 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 926 ) နတ်ဆိုးလေးကို သတ်ခြင်း။

တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားက တောက်ပလာခဲ့သည်။ ယင်းက ရွှေကျားကို ဖုံးလွှမ်းနိုင်သည်အထိ ပို၍ကြီးပြီး ရှည်လာခဲ့၏။
   
ရွှေကျားက အော်ဟစ်ပြီး ရုန်းကန်နေသည့်တိုင် တောင်တန်းနှင့်မြစ်ပြင် ပန်းချီကား အလင်းရောင်အောက်မှ လုံးဝမလွတ်မြောက်နိုင်ခဲ့‌ပေ။
  
'တကယ်အလုပ်ဖြစ်တယ်'
လုမင် ဝမ်းသာသွားခဲ့သည်။

၎င်းက သူ၏ အတွေးတစ်ချက်ဖြင့် ထိန်းချုပ်ခဲ့ခြင်း ဖြစ်ချေသည်။
   
တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားက အတွင်းကမ္ဘာကရှိသော ဂူရတနာတစ်ခု ဖြစ်သောကြောင့် သဘာဝအတိုင်း ခိုင်မာလွန်းသည်။ ထိုပန်းချီကားထဲသို့ ဝင်သွားခဲ့လျှင် ရွှေကျား လွတ်မြောက်တော့မည် မဟုတ်ပါ။

မျှော်လင့်ထားသည့်အတိုင်းပင်၊ အကျိုးသက်ရောက်မှုက အလွန်ကောင်းပြီး ရွှေကျား ပိတ်မိသွားရသည်။

"လော့လီ၊ အခု မင်းကို ဘယ်သူ ကယ်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့"
နဝမနဂါး၏ မျက်လုံးများက ကြမ်းကြုတ်သောအလင်းများ ဖြာထွက်လာခခဲ့သည်။ ၎င်းက ဟိန်းဟောက်ကာ နတ်ဆိုးလေးထံသို့ ပြေးသွားခဲ့၏။
   
"ဝုန်း ဝုန်း"
နတ်ဆိုးလေးလည်း လုံးလုံးလျားလျား ဖိနှိပ်ခံရကာ နောက်ကို အထပ်ထပ် ဆုတ်သွားရတော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရိုးများကျိုးကာ သွေးများလည်း ဆက်တိုက် အန်လိုက်ရသည်။

"ပြေးဟ"
နတ်ဆိုးလေး ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့ရာတွင် နဝမနဂါး၏လက်မှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
   
"ဝုန်း"
နတ်ဆိုးလေး၏ ငယ်သံပါအောင် အော်လိုက်သံနှင့်အတူ လက်တစ်ဖက် ဆုပ်ဖြဲခံလိုက်ရသည်။ နတ်ဆိုးပုံစံကြီးလည်း ပျောက်ကွယ်သွားကာ နတ်ဆိုးလေးအသွင် တစ်ဖန် ပြန်ပြောင်းသွား၏။
  
ဤအခိုက်မှာတော့ သူ့မျက်နှာက ဖြူဖျော့ကာ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုတို့ ပြည့်နှက်နေတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now