591 - 595

270 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 591 ) သံသယဖြစ်ခြင်း

လုမင်စကားသံကြောင့် လေထုက ပြန်လည် သက်ဝင်လာသည်။

"ဈေးပေးနေသူ ရှိသေးတာပဲ... ဒါပေမဲ့ အဆုံးမှာ ချင်မိသားစုလက်ထဲ ရောက်သွားမယ်ထင်တယ်"

"သူပဲ... ဒီအထူးအခန်း နံပါတ်တစ်ဆယ်က လူငယ်လေးရဲ့ မူလဇစ်မြစ်က ဘာပါလိမ့်..။ သူက ချင်ချင်းဖေးနဲ့ ခဏခဏ ထိပ်တိုက်တွေ့နေပြီး အရင်းအမြစ်လည်း ကြွယ်ဝတယ်"

ပရိတ်သတ်ထဲမှ ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။

"သေစမ်း... ဒီခွေးသား ထပ်လုပ်ပြန်ပြီ"
ချင်ချင်းဖေး ဒေါသတကြီးဖြစ်သွားသည်။ သူက အထူးအခန်း နံပါတ်တစ်ဆယ်ကို သတ်ဖြတ်ချင်စိတ်များနှင့် လှမ်းကြည့်လိုက်၏။

အထူးအခန်း နံပါတ်တစ်ဆယ်တွင် ဖေးရွယ်လည်း စိတ်ဝင်စားလာမိသည်။

လုမင်က ဆန်းကျယ်ကောင်းကင်နယ်မြေကြီးမှလာသော်လည်း ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်ကျော်ပင် ရှိနေသည်။ ဆန်းကျယ်ကောင်းကင်နယ်မြေကြီးက အမှန်တကယ် ချမ်းသာနေ‌သလော။ 

"ဒီဧည့်သည်တော်က ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ် ခြောက်သိန်း ပေးထားပါတယ်..။ ဈေးပိုပေးမဲ့သူ ရှိပါသေးသလား... မရှိရင်တော့ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဒီပုလင်းထဲက အသက်ရေကို ဟောဒီဧည့်သည်ပိုင်ပါပြီ"
ဖုန်းရှို့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"သန်းနှစ်ဆယ် ခုနစ်သိန်း"
ချင်ချင်းဖေး အော်ဟစ်လိုက်သည်။

"သန်းနှစ်ဆယ် ရှစ်သိန်း"
လုမင် မတွန့်ဆုတ်ပေ။

"သန်းနှစ်ဆယ် ကိုးသိန်း"

"သန်းသုံးဆယ်"
လုမင်က သန်းသုံးဆယ်အထိ ဈေးတင်ပေးလိုက်၏။

ထိုအချိန်တွင်‌ နေရာတစ်ခုလုံးက တိတ်ဆိတ်နေ၍ ခုမင်နှင့် ချင်ချင်းဖေး၏ အသံများသာ ရှိတော့သည်။

"ကောင်လေး... ငါပြောထားမယ်နော်၊ ဒီအသက်ရေက ငါတို့ချင်မိသားစု တန်ဖိုးထားတဲ့ ရတနာတစ်ခုပဲ..။ မင်းက ချင်မိသားစုကို အကြိမ်ကြိမ် ဆန့်ကျင်နေတယ်ဆိုတော့ သေချင်နေတာလား"
ချင်ချင်းဖေး ဒေါသတကြီးဖြစ်သွားသည်။ 

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Où les histoires vivent. Découvrez maintenant