931 - 935

268 26 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 931 ) သုံးလကြာ။

"ဒီအတောအတွင်း မင်းတို့ ဒီမှာပဲလေ့ကျင့်နေကြပါ၊ လောလောဆယ် သရီးအိုင်းမျိုးနွယ်တွေ ငါတို့ကို ဝိုင်းထားတယ်၊ ငါလည်း အခု နန်းတော်ထဲမှာ လာပုန်းနေရတာ၊ ဒါပေမဲ့ ခဏနေရင်တော့ ငါ ပြေးထွက်သွားတော့မယ်"
လုမင် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ငယ်၊ သတိထားပါ"
ဖူရုပ်သေးဂိုဏ်းမှ တပည့်တစ်ဦးက စိုးရိမ်စွာဖြင့် ပြောသည်။

"စိတ်မပူပါနဲ့"
လုမင် ပြုံးပြလိုက်လေသည်။ ထိုနောက် ပိုင်ချီရွယ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ချီရွယ်၊ လမ်းလျှောက်ရအောင်"

ပြောပြီးသည်နှင့် လုမင်က‌ ဘေးသို့ လျှောက်သွားရာ ပိုင်ချီရွယ်လည်း နောက်မှ လိုက်သွားခဲ့လေသည်။

တခြားသူများကလည်း ပါးနပ်စွာဖြင့် မနှောက်ယှက်ဘဲ နေရာကိုယ်စီရှာပြီး လေ့ကျင့်ရန် ပြင်ဆင်လိုက်ကြသည်။

"ချီရွယ်၊ မင်း သိုင်းအုပ်ချုပ်သူရဲ့အမွေကို ရခဲ့တာ မဟုတ်လား"
လုမင် မေးလိုက်၏။

"အင်း...ဟုတ်တယ်၊ ကံမကောင်းချင်တော့ ငါမမြင်နိုင်သေးတာတွေ အများကြီးပဲ၊ ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအခြေခံက အရမ်းအားနည်းနေသေးတယ်"
ပိုင်ချီရွယ်လည်း ခေါင်းညိတ်ပြလိုက်သည်။
   
လုမင် ခေါင်းညိတ်လိုက်လေသည်။ ဤအခြေအနေက သာမန် ဖြစ်သည်။ ဥပမာအားဖြင့် သူ့တုန်းကလည်း လျန်ခန်း၏အမွေကို ရခဲ့စဉ်တွင် ချက်ချင်း မလေ့ကျင့်နိုင်ဘဲ အဆင့်များအား ချိတ်ပိတ်ထားခဲ့သည်။
   
ကျင့်ကြံခြင်းလမ်းစဉ်တွင် ကိုယ်ဝါးနိုင်သည်ထက် ပိုမကိုက်သင့်ပေ။ အထွတ်အထိပ်သို့ ရောက်လိုပါက တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လျှောက်ရသည်။ အကယ်၍ တစ်ကြိမ်တည်းတွင် အရာများစွာကို မြင်ထားပါက စိတ်ရှုပ်ထွေးပြီး ဦးတည်ချက် မဲ့သွားပေလိမ့်မည်။

"ချီရွယ်၊ မင်း ကံကောင်းခြင်းအမှတ် ဘယ်လောက်ရပြီလဲ"
လုမင် သိချင်နေမိသည်။ သိုင်းအုပ်ချုပ်သူ၏အမွေကို ဆက်ခံပြီးနောက် ကံကောင်းခြင်းအမှတ် မည်မျှ ရရှိပါမည်နည်း။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now