731 - 735

260 25 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 731 ) ကောင်းကင်ဘုရင်ကျောက်စာတိုင်။

"ဒီလူတွေ လေ့ကျင့်နေတာလား"
လုမင် မေးကြည့်လိုက်သည်။

"ဟုတ်ပါတယ်၊ ကောင်းကင်ဘုရင်ကျောက်တိုင်မှာ နှစ်ပိုင်းရှိတယ်၊ တစ်ခုက အကဲဖြတ်ဖို့ဖြစ်ပြီး တစ်ခုကတော့ လေ့ကျင့်ဖို့ပဲ။ ကောင်းကင်ဘုရင်ကျောက်တိုင်ကြီးမှာ ရှေးက တန်ခိုးရှင်တွေချန်ထားခဲ့တဲ့ အမှတ်အသားတွေရှိတယ်။ လှေကား တစ်ထစ်ကို ပိုတက်လိုက်တိုင်း တစ်ခုခုကို ခံစားနိုင်လိမ့်မယ်၊ တချို့လူတွေဆိုရင် အဆင့်တက်ကုန်ကြတယ်"
ကျန့်ဖေးလျိုက ရှင်းပြလိုက်လေသည်။

"ကောင်းကင်ဘုရင်စာရင်း တိုက်ပွဲမှာ ပါဝင်ပြီး နေရာ တစ်ရာရှစ်ခုကိုရယူနိုင်မှပဲ ကောင်းကင်ဘုရင် လှေကားထစ်ကိုတက်လှမ်းပြီး အခွင့်အရေးရနိုင်တာ မဟုတ်ဘူးလား"
လုမင် စပ်စုလိုက်၏။

"မင်းပြောနေတာက ထိပ်ဆုံးက အနီရင့်ရောင် လှေကား‌ခုနစ်ခုပါ၊ အဲဒီအဆင့်ကို ထိပ်တန်းတစ်ရာ့ရှစ်ဦးကပဲ ဝင်နိုင်တယ်ဆိုတာက သက်ရောက်မှုတွေ အရမ်းပြင်းထန်လို့ပဲ၊ အဲဒီမှာ အကျိုးသက်ရောက်မှုက အောက်လှေကား နှစ်ဆယ်ထက် အများကြီးပိုသန်မာတယ်"
ကျန့်ဖေးလျိုက ပြောလိုက်သည်။

"အိုး၊ ဒါဆိုရင်‌ နေရာမရဘဲ ဆက်တက်သွားရင် ဘယ်လိုဖြစ်မလဲ"
လုမင် မေးလိုက်သည်။

"သေမယ်၊ ဒီနေရာမှာ ခွဲတမ်းမရှိဘူး၊ ဒါပေမဲ့ အဆင့်မမီဘဲ အတင်းတက်ရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတာပဲ ဖြစ်လိမ့်မယ်၊ အခုထိတော့ ခြွင်းချက်မရှိဘူး။ တကယ်တော့ အောက်က အဆင့်နှစ်ဆယ်ဆိုရင်တောင် အရမ်းအန္တရာယ်များတယ်။ ဒါက လူတစ်ယောက်ရဲ့ စိတ်စွမ်းအားနဲ့ သိုင်းတာအိုနှလုံးသားကို စမ်းသပ်တာ၊ ကျင့်ကြံခြင်းအခြေခံနဲ့ သိပ်မဆိုင်ဘူး။ နောက်ဆုံးတော့ မင်းမှာ လုံလောက်တဲ့ စိတ်စွမ်းအားနဲ့ သန်မာတဲ့ တာအိုနှလုံးသားမရှိရင် ကျဆုံးနိုင်ချေ အရမ်းများပါတယ်"

"နောက်ပြီး မင်းရဲ့နယ်ပယ်ကမြင့်ပြီး စွမ်းအားပိုကြီးလေ အန္တရာယ်များလေလေပဲ။ ဒါပေါ့၊ မင်းဒါကို ခံနိုင်ရည်ရှိမယ်ဆိုရင် ဆုချီးမြှင့်ခံရလိမ့်မယ်"
ကျန့်ဖေးလျိုက ရှင်းပြလိုက်လေသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now