66 - 70

428 41 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 66 ) ဇုမိသားစုခေါင်းဆောင် ဇုပင်း

"မဖြစ်နိုင်တာ… ငါတို့စားတဲ့အစားအစာတွေကို သေချာစစ်ဆေးခဲ့တာပဲလေ… အဲတာက လုံးဝအဆိပ်မရှိဘူး"
တဏစ္ဆေလတ်က ဆိုသည်။

"တစ္ဆေလတ်… ခင်ဗျားက အဆိပ်နဲ့ပတ်သက်ရင် ကျွမ်းကျင်တယ်ဆိုတာ ကျုပ်သိပါတယ်… ခင်ဗျားတို့လို ဝါရင့်ပုဂ္ဂိုလ်တွေကို သာမန်အဆိပ်နဲ့မရမှန်းလဲ သိပြီးသားပဲ… ဒီတော့ ပေါ့ပေါ့တန်တန် ဘယ်လုပ်ပါ့မလဲဗျ… ခင်ဗျားတို့ ဝိညာဉ်စားဂူကောင်ကို ကြားဖူးလား"
ဇုပင်းက အသာပြံးလိုက်သည်။

"ဘာ… ဝိညာဉ်စားဂူအဆိပ်… တောင်ပိုင်းက ဝိညာဉ်စားဂူကောင်လား"
တစ္ဆေလတ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဟားဟားဟား… အမှန်ပဲ… ကျုပ်က ဝိညာဉ်စားဂူကောင်ရဖို့ ငွေတော်တော်တော့သုံးလိုက်ရတယ်… ဝိညာဉ်စားဂူ‌ကောင်က အရမ်းသိမ်မွေ့တဲ့ ပိုးကောင်တစ်မျိုးပဲ… ‌ဒါကို အစားအသောက်တွေထဲ ထည့်လိုက်ရင် ဘယ်လိုမှရှာလို့ရမှာမဟုတ်ဘူး… သာမန်အဆိပ်စမ်းသပ်နည်းတွေက သူ့အပေါ်ကို အကျိုးသက်ရောက်မှုမရှိဘူးလေ"
ဇုပင်းက အောင်နိုင်သူတစ်ဦးလို ပြုံးလိုက်ပါသည်။

"ချီးပဲ… အဖိုးကြီး… ကျုပ်ကို ဖြေဆေးပေးစမ်း၊ မဟုတ်ရင် ခင်ဗျားရဲ့ဇုမိသားစုကို ဖျက်ဆီးပြမယ်"
ရှုဖေးယွန်က ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သည်။

ဇုပင်းက လျစ်လျူရှုစွာပြောလိုက်ပါသည်။
"စိတ်‌တော့မကောင်းဘူးကွာ… ဝိညာဉ်စားဂူကောင်မှာ ဖြေဆေးမရှိဘူး"

"ဘာ… ဖြေဆေးမရှိဘူးပေါ့"
တစ္ဆေသုံးဖော်၊ ရှုဖေးယွန်နှင့် အမျိုးသမီး၏ မျက်နှာက သွေးမရှိသလိုဖြူရော်သွားခဲ့သည်။

"အဖိုးကြီး… ကျုပ်ခင်ဗျားကြီးကိုသတ်မယ်"
ရှုဖေးယွန်က ဒေါသတကြီးဖြင့် ဇုပင်းကို ပြေးဝင်တိုက်ခိုက်လိုက်သည်။

"ဂျီ ဂျီ ဂျီ"
ထိုစဉ် ဇုပင်းက ရုတ်တရက် ထူးခြားတဲ့အသံကို ပြုလုပ်လိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now