626 - 630

284 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 626 ) ဆေးပညာစမ်းသပ်ခြင်း

ရှဲ့နျန်ချင်း၏မျက်နှာက နီမြန်းသွားကာ နှုတ်ခမ်းများက ကျေနပ်ဟန်ဖြင့် တွန့်ကွေး၍ ပြုံးသွားခဲ့သည်။

"ဒါပေမဲ့ သူက ဒီတစ်ခါက်မှာ ငါတို့လူစုကို လေ့ကျင့်ပေးမဲ့သူဆိုရင်တော့ နင်သူမနဲ့ အလုပ်စလို့ရပြီ"
ရှဲ့နျန်ချင်းက ပြောလိုက်သည်။

"အိုး၊ ဘယ်လိုများလဲ"
လုမင် အနည်းငယ်သိချင်သွား၏။

သူတို့နှစ်ယောက်ဟာ လမ်းလျှာက်ရင်း အသံပို့လွှတ်၍ ပြောနေသောကြောင့် မည်သူမျှ မကြားရနိုင်ပေ။

"ငါစုံစမ်းထားတဲ့အတိုင်းဆိုရင် အရေးကြီးဆုံး ရတနာတချို့ကို ယွင်ဟိုင်ဆေးအိမ်တော်ရဲ့ ‌တောင်တန်းက ဂူတစ်လုံးထဲမှာ ရှိတယ်၊ ဒါပေမဲ့ အဲဒီဂူမှာ အစီရင်တွေက အပြည့်ရှိနေတာ။ ဒါကို ယွင်ဟိုင်ဆေးအိမ်တော်က သန့်စင်ထားတဲ့ တံဆိပ်ပြားရှိမှပဲ ဝင်လို့ရမှာ၊‌ နောက်ပြီး ယွင်ဟိုင်အိမ်တော် တစ်ခုလုံးမှာတောင် ဒီတံဆိပ်က စုစုပေါင်း ဆယ်ခုလောက်ပဲရှိနိုင်တယ်။ ဒီလူတွေအားလုံးကလည်း ယွင်ဟိုင်ဆေးအိမ်တော်ရဲ့အရေးပါတဲ့သူတွေချည်းပဲ"

"နောက်ပြီး အဲဒီလူအများစုက တံခါးပိတ်ကျင့်ကြံတာတွေ ပြုလုပ်နေကြလို့ မတွေ့နိုင်သေးဘူး၊ ဒါပေမဲ့ ငါသိထားတဲ့အတိုင်းဆိုရင် ယွင်ဟိုင်ထန်မှာ တံဆိပ်တစ်ခုရှိတယ်။ ဒီတံဆိပ်ကို ရနိုင်သ၍ ယွင်ဟိုင်ဆေးအိမ်တော်ရဲ့ ရတနာတိုက်ကို ခိုးဝင်ပြီး နတ်ဆိုးသစ်သီးကို ရယူနိုင်တယ်။ ဒါပေါ့၊ အခြား ရတနာတချို့လည်းရှိဦးမှာ။ ဒါက လုံးဝ မဆိုးဘူး"
ရှဲ့နျန်ချင်းက ပြုံးရွှင်စွာဖြင့် အသံပို့လွှတ်ကာ ပြောလိုက်သည်။

"အိုး"
လုမင်လည်း ခေါင်းညိတ်ကာ တံဆိပ်ပြားကို မည်သို့မည်ပုံ ရယူရမည်အား တွေးတောကြံဆလိုက်သည်။

"ကျေးဇူးပြုပြီး တိတ်ဆိတ်ပေးကြပါရှင်"
ယွင်ဟိုင်ထန်၏ စကားသံက နူးညံ့ချိုအီစွာ ထွက်ပေါ်လာသည်။ အမျိုးသားများအဖို့တော့ ယင်းဟာ သေစေနိုင်လောက်သော ‌လက်နက်များကဲ့သို့ပင် ဖြစ်၏။ မျှော်လင့်ထားသည့်အတိုင်း အမျိုးသားအများစုဟာ မျက်လုံးများ အရောင်တလက်လက်တောက်လာကြတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now