126 - 130

375 37 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 126 ) အဆင့်တက်ခြင်း

သို့သော် လုမင်ရဲ့မျက်နှာအမူရာက တည်ငြိမ်နေသေးကာ သူ့နှုတ်ခမ်းတွေက ထေ့ငေါ့ဟန်ဖြင့် တွန့်ကွေးသွားပြီး ပြောလိုက်သည်။
"မင်းက ကျန်းမုယွင်ကိုရှုံးတာတောင်မှ သိုင်းတာအိုနှလုံးသား ပြိုလဲလုနီးဖြစ်ခဲ့ရတယ်… တကယ်လို့ ငါ့ကိုပါ ထပ်ရှုံးလိုက်ရရင် မင်းဘယ်လိုနေမလဲမသိဘူး"

"မင်းကိုရှုံးဖို့လား… ဟားဟားဟား၊ မဖြစ်နိုင်ဘူးကွ… ဒါက ကမ္ဘာပေါ်မှာ အကြီးဆုံးပျက်လုံးတစ်ခုလိုဖြစ်နေပြီ… ငါသွမ့်မုယွင်ယန်က လူသစ်တစ်ယောက်ကို ဘယ်လိုရှုံးမှာတဲ့လဲ… လုမင်၊ ဒီနည်းနဲ့ ငါ့ကို စိတ်အနှောင်အယှက်ဖြစ်စေနိုင်မယ်လို့ ထင်နေတာလား… ဟာသပဲ"

"မင်းရဲ့လမ်းစဉ်က အဆုံးသတ်ပြီ"

"ချိုးဖြတ်ဓါးသိုင်း- ဝိညာဉ်သုတ်သင်"

ကျယ်လောင်စွာ အော်သစ်သံနှင့်အတူ သွမ့်မုယွင်ယန်က လွှမ်းမိုးနိုင်စွမ်းရှိသော ဓါးချက်တစ်ချက်ကို ထုတ်ဖော်လိုက်ပါသည်။

ထိုဓါးချက်ထုတ်ဖော်လိုက်ချိန်မှာ သူက သွေးမျိုးဆက်ပါ ပေါက်ကွဲထားခဲ့ပြီဖြစ်သည်။

"ချပ်ဝတ်ဖြိုခွင်း"
ချက်ချင်းပဲ လုမင်က အစစ်အမှန်နဂါးနှင့် တိုက်ခိုက်ရေးချီကျင့်စဉ်ကို လှည့်ပတ်လိုက်ပါသည်။ နဂါးအသွင်ကျန်းချီတွေက သူ့ရဲ့ သန်မာသောနတ်ခန္ဓာထဲမှာ လှည့်ပတ်ကာ လှံရှည်ဆီကို စီးဆင်းသွားခဲ့လေသည်။ ထို့နောက်မှာတော့ သန်မာသော ဖြတ်တောက်နိုင်စွမ်းတွေနှင့် လှံချက်ကို ထုတ်ဖော်လိုက်တော့သည်။

"ဒင်"
လှံရှည်က သွမ့်မုယွင်ယန်ရဲ့ ဓါးကို တိကျစွာ ထိုးနှက်လိုက်ပါသည်။ ထိုအခါ ပေါက်ကွဲသံတစ်ချက်နှင့် သွမ့်မုယွင်ယန်က တည်ငြိမ်နေသည့်တိုင် လုမင်ရဲ့ခန္ဓာကိုယ်က တုန်ရီသွားကာ အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ရပါသည်။

"ဟန့်တားလိုက်တယ်… ဂိုဏ်းတူအကိုလုမင်က သွမ့်မုယွင်ယန်ရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်တယ်ကွ"
ပန်ရှီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now