711 - 715

264 25 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 711 ) အနိုင်ရယူရန် နည်းလမ်း။

လူတိုင်း၏ မျက်နှာအမူအရာများကို မြင်သောအခါ ချီကျင်းရှန်က ကျေနပ်မှုများအား လှစ်ဟလာပြီး ဆက်ပြောလိုက်သည်။
"နောက်ပြီး အစီရင်ကလည်း သုံးဆယ့်ခြောက်ခုပဲကျန်တော့တာ မဟုတ်လား။ ကျုပ်တို့က လုမင်နဲ့ မိန်းကလေးကို ယင်မြွေမျိုးနွယ်ရဲ့လက်ထဲ ထည့်ပေးလိုက်ပြီး အခြေအနေတည်ငြိမ်အောင် အရင်ထိန်းချုပ်မယ်၊ ပြီးတော့မှ ကျန်တဲ့ အစီရင်သုံးဆယ့်ခြောက်ခုကို ဖြိုခွဲဖို့ နည်းလမ်းရှာမယ်ဆိုရင် ဒါက အကောင်းဆုံးပဲ မဟုတ်လားဗျာ"

"ဟုတ်ပါတယ်၊ အကြီးအကဲ ချီကျင်းရှန်ပြောတာ သင့်လျော်တယ်"
အကြီးအကဲတချို့က ချီကျင်းရှန်ကို ထောက်ခံပြောဆိုလာကြ၏။

ယင်းက ချီကျင်းရှန်၏မျက်လုံးကို စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့စေတော့သည်။

"ကျုပ်ကန့်ကွက်တယ်၊ လုမင်က ကျုပ်တို့မျိုးနွယ်အပေါ် အရမ်းကောင်းခဲ့တယ်။ သူ့လိုလူကို ဒီလိုဆက်ဆံလိုက်မယ်ဆိုရင် အနာဂတ်မှာ တခြားသူတွေက ကျုပ်တို့မျိုးနွယ်ကို ဘယ်လိုထင်ကြမလဲ။ နောက်ပြီး ရှေးဘေးဘိုးဘေးကို နိုးထဖို့ကလည်  အရေးကြီးဆုံးအချက်ပဲ။ ကျုပ်တို့ ယာယီတားဆီးထားနိုင်သ၍ ယင်မြွေမျိုးနွယ်ရဲ့ ထိုးစစ်ကလည်း အဲဒီအချိန်ကျရင် ခဏတာ ရပ်စဲသွားရလိမ့်မယ်။  တကယ်လို့ လုမင်က ရှေးဘိုးဘေးကို ပြန်အသက်သွင်းနိုင်ရင် ရှေးဘိုးဘေးကလည်း ကျွန်မတို့ရဲ့ မျိုးနွယ်ကို တန်ဖိုးထားမှာပဲ။ ဒါက ကျုပ်တို့ရဲ့ မျိုးနွယ်တစ်ခုလုံး တိုးတက်ဖို့အတွက် အခြေအနေကောင်းတစ်ခု ဖြစ်နိုင်တယ်"
ချီယွဲ့၏ ဒုတိယ‌ဦးလေးက ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒုတိယညီကိုရဲ့ သဘောကို ကျုပ်လည်း သဘောတူတယ်"
ချီကျင်းခုန်း ပြောလိုက်သည်။

"ဒုတိယအကို၊ ခေါင်းဆောင်... ခင်ဗျားတို့က လုမင်ကို သိပ်အထင်ကြီးနေကြတာပဲ။ တစ်ခေါက် ရောက်လာကြတဲ့ အပြင်လူအရေအတွက်က အရမ်းများတယ်။ လုမင်က ဒဏ္ဍာရီလာ ကံကြမ္မာလူသားဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ။  ကျုပ်တို့က မျိုးနွယ်စုရဲ့ ကံကြမ္မာကို ပိုပြီး ဂရုစိုက်ရမယ်၊ ဒီ‌ဖြစ်နိုင်ချေးလေးအပေါ်မှာ လောင်းကြေးမထပ်နိုင်ဘူး"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now