331 - 335

325 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 331 ) သွေးမျိုးဆက် ထပ်မံပြောင်းလဲလာပြီ

"အခု မင်းကို ဘယ်သူကယ်နိုင်မယ်ဆိုတာ ကြည့်ရသေးတာပေါ့"
ယင်ကျိုးဖုန်းက ကြောက်မက်ဖွယ် အရှိန်အဝါတွေ ထွက်ပေါ်နေရင်း ပြောလိုက်သည်။

သို့သော် လုမင်က ပြုံးရွှင်စွာဖြင့် နေရာမှာ ရပ်နေဆဲပင်။

"ဂါး"
ထိုစဉ် ကောင်းကင်ယံမှာ ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာ၏။  ထို့နောက် ပုံရိပ်တစ်ခုက လုမင်နှင့် အဘိုးကြီးနှစ်ယောက်ကြားကို ခုန်ဆင်းလာခဲ့လေသည်။ ‌၎င်းက မြေပြင်ကို ခြေချလိုက်ရာ ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ‌ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ရွှေမျက်လုံး။

ထို အရပ်ရှည်ရှည်နှင့် ပုံရိပ်ဟာ အမှန်ပင် ရွှေမျက်လုံးဖြစ်၏။

'နောက်ဆုံးတော့ ရောက်လာပြီပေါ့'
လုမင်က သူ့နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်သည်။

သူကျောက်တုံးအိမ်ထဲကနေ ထွက်လာစမှာပင် ချုပ်ထိန်းအမိန့်မှ ရွှေမျက်လုံးကို ခံစားလိုက်ရခြင်းဖြစ်သည်။ ၎င်းက စုထျန်းမြို့အနီးမှာ ရှိနေကာ လုမင်ကို လိုက်ရှာနေပုံရ၏။

လူသတ်သမားနှစ်ယောက်၏ လက်ထဲမှ ရွှေမျက်လုံး လွတ်မြောက်လာတာကိုတော့ သူမအံ့မိပေ။

ရွှေမျက်လုံးက သိုင်းဘိုးဘေးနယ်ပယ်အဆင့်ကိုးကို အဆင့်တက်သွားသောအခါ သူ့ခန္ဓာကိုယ်ကလည်း စိန်တုံးကဲ့သို့ မာကျောလာပေ၏။ သူက ထွက်ပြေးချင်လျှင် ဘုရင်တစ်ပိုင်းတွေတောင် တားဆီးနိုင်မည် မဟုတ်ပေ။

လုမင်က ရွှေမျက်လုံးရှိနေတာကို ခံစားမိတာနှင့်ချုပ်ထိန်းအမိန့်ကို အသုံးပြုကာ သူရှိရာကို ဆင့်ခေါ်ခဲ့လိုက်သည်။ ထို့နောက် ယင်ကျိုးဖုန်းနှင့် မိုမိသားစုကို အငြင်းအခုန်ပြုလုပ်ကာ ရွှေမျက်လုံး ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လိုက်ခြင်းပင်။

"ရွှေမျက်လုံး.. သူတို့ကိုသတ်"
လုမင် အမိန့်ပေးလိုက်၏။

"‌ဂါး"
ရွှေမျက်လုံးက ကျယ်လောင်စွာ ဟိန်းဟောက်ကာ အရှေ့ကို ပြေးထွက်သွားခဲ့သည် ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now