821 - 825

268 29 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 821 ) လွမ်ဖုန်းယွင်ကို ချေမှုန်းခြင်း။

ကောင်းကင်ဘုရင်စာရင်း တိုက်ပွဲကတည်းက ဝမ့်ကြွယ်ကို မမြင်ရခြင်း ဖြစ်သည်၊ ၎င်းက သီးသန့်လေ့ကျင့်နေပုံရသော်လည်း ယခုတော့ ထွက်ပေါ်လာခဲ့ပြီ။
   
"ဘာလဲ၊ အရှုံးသမားက ဒီနေ့ ထပ်ပြီး ရှုံးချင်သေးလို့လား"
လုမင်က လျစ်လျူရှုစွာ ပြုံးလိုက်သည်။
 
"လုမင်၊ ငါက ကောင်းကင်ဘုရင်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ အခုက ဘာလဲ၊ ဘုရင်စာရင်းမှာ ရှုံးနိမ့်တော့ကော ဘာဖြစ်သေးလဲ။ အခုက ဝိညာဉ်ပင်လယ်နယ်ပယ်ပဲ၊ ဒီအဆင့်မှာတော့ အခု မင်းကို အနိုင်ယူဖို့ လွယ်လွန်းသွားခဲ့ပြီ"
ဝမ့်ကြွယ်၏ခန္ဓာကိုယ်မှ အစွမ်းထက်အရှိန်အဝါများ ထွက်ပေါ်လာသည်။
   
တစ်ဖက်တွင် ကောင်းကင်အလောင်းကောင်ဂိုဏ်းမှ လူများက စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

မမျှော်လင့်ဘဲ၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ လူများက အမှန်တကယ် ရန်လိုနေကြပေရာ သဘာဝအတိုင်း ဝမ်းသာနေခဲ့ကြသည်။

လုံချမ်းလီလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။ သူက လုမင်ကို သဘာဝအတိုင်း သိမှတ်မိသော်လည်း ၎င်းတို့ကို တစ်ကြိမ် ကူညီပေးခဲ့ပြီးဖြစ်သည်။ သူ့အနေဖြင့် လုမင်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို အချိန်တိုင်း ဝင်ရောက်မစွက်ဖက်နိုင်ပေ။

ထိုအချိန်တွင် သူ့အကြည့်က လုမင်အနောက်မှ ဝမ့်ဟောက်ရှန်းပေါ်သို့ ကျရောက်လာသည်။

ထိုအခါ သူ အလွန်အံ့ဩသွား၏။ ဝမ့်ဟောက်ရှန်းက လုမင်အနောက်တွင် ဘယ်လိုလုပ်ပြီး ရပ်နေလေသနည်း။

"ဝမ့်ကြွယ်၊ ဒီကောင်ကို ငါ့အတွက်ထားလိုက်"
လွမ်ဖုန်းယွင်က ဝမ့်ကြွယ်ကို ကြည့်လိုက်သည်။
   
"ကောင်းပြီ"
ဝမ့်ကြွယ် ခေါင်းညိတ်လိုက်၏။ လုမင်ကို လွမ်ဖုန်းယွင် ကိုင်တွယ်ပါက အကောင်းဆုံးဖြစ်သည်။
 
"ဝှစ်"
ထိုအခိုက်တွင် လူရိပ်တစ်ခုက လှုပ်ရှားလာပြီး လုမင်အရှေ့တွင် ပိတ်ရပ်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now