301 - 305

345 29 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 301 ) ယုံကြည်ခဲ့ကြပြီ

ဟွာရင်လည်း အလွန်ထိတ်လန့်သွားခဲ့လေသည်။

ရွှေလဝတ်ရုံရှင်ဟာ အလွန်အစွမ်းထက်ပေ၏။ ယခုလေးတင် သူကြုံခဲ့ရတာက အလွန်ခြောက်ခြားစရာကောင်းကာ သူလုံးဝကိုင်တွယ်နိုင်သောအရာမဟုတ်ပေ။

သို့သော် ယခုလေးတင် လုမင်ထုတ်ဖော်ခဲ့သောခွန်အားက အလွန်သန်မာလွန်းနေ၏။

လုမင်ကတော့ အခြားသူတွေ၏ အတွေးတွေကို ဂရုမစိုက်ပေ။ သူက အနက်ရောင်ဝတ်ရုံရှင်ဆီကို ပြေးဝင်သွားခဲ့လေ၏။

တစ်ချိန်တည်းမှာပင် သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပါသည်။

"ဝုန်း"
ထိုအခါ ကောင်းကင်ယံမှာ ဧရာမသားရဲလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာ၏။ ‌၎င်းက ရွှေလဝတ်ရုံရှင်ကို ချက်ချင်းဖိနှိပ်လာတော့သည်။

ရွှေလဝတ်ရုံရှင်က အော်ဟစ်ကာ ခုခံသော်လည်း အသုံးမဝင်တော့ပေ။ သားရဲလက်ဝါး၏ ဖိနှိပ်မှုအောက်မှာ သူ့ခန္ဓာကိုယ်က အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ပါသည်။

ထိုစဉ် ‌သူ့ဘေးနားမှာ လုမင်ထွက်ပေါ်လာ၏။

လုမင်၏လှံရှည်က ရွှေလဝတ်ရုံရှင်၏ နှလုံးသားကို ဖောက်ထွက်သွားခဲ့ပါသည်။

ဤနည်းဖြင့် ရွှေလဝတ်ရုံရှင်ဟာ သေဆုံးသွားခဲ့လေတော့သည်။

သူသေဆုံးသည်အထိ လုမင်က ဤမျှသန်မာမည်ဟု ထင်မထားခဲ့ပါချေ။ သူရထားသော သတင်းအရ လုမင်၏ခွန်အားဟာ နေခြောက်စင်းနှင့် အဆင့်တူသာ ရှိနေသေးသည် မဟုတ်ပါလား။

နေခြောက်စင်းမှာတောင် ချိုးကန်ခုန်းမှလွဲရင် ကျန်သူတွေက အဆင့်ငါး သိုင်းဘိုးဘေး၏ တိုက်ခိုက်နိုင်စွမ်းသာ ရှိပေသည်။ သူကိုယ်တိုင်ကတော့ အဆင့်ခြောက် သိုင်းဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူဖြစ်၏။ သို့တိုင်အောင် လုမင်လက်ချက်ကြောင့် သေဆုံးသွားခဲ့ရချေပြီ။

ယင်းက အမှန်ပင် နေခြောက်စင်း၏ စွမ်းအားပင် ဟုတ်ပါသေး၏လော။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now