401 - 405

309 31 0
                                    

ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 401 ) အားလုံးအတူတူလာခဲ့ကြ

ယင်းလူငယ်က ဖိနပ်၊ ခါးစည်းကြိုး၊ ဝတ်စုံနှင့် ဓားပင်လျှင် ခရမ်းရောင်ကိုသာ သုံးထားသည်။ သူ့တွင် အဖိုးတန်ပစ္စည်းများသာ ပြည့်နှက်နေ၏။

"ကျိတုန်၊ မြစ်တစ်ထောင်ဧရိယာက အဆင့်ဆယ့်ကိုး ပါရမီရှင် ကျိတုန်"
ထိုလူငယ်ထွက်လာသည်နှင့် တစ်ယောက်က ‌ခပ်တိုးတိုးပြောလိုက်သည်။

မြစ်တစ်ထောင်ဧရိယာမှ အဆင့်ဆယ့်ကိုး ပါရမီရှင်ဟာ ကျန့်ဖုန်းယွမ်ကိုပင် ယှဉ်နိုင်၏။

ကျိတုန်က မာနထောင်လွှားစွာဖြင့် လုမင်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"လုမင်.. မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက သန်မာပေမဲ့ မာနကြီးလွန်းနေတာပဲ..။ ဒါပေမဲ့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်..။ ငါ့ဓားသုံးကွက်ကို ခုခံနိုင်ရင် ငါမင်းကို လွှတ်ပေးလိုက်မယ်"

"ဓားသုံးကွက်လား.. အဟက်၊ ကိုယ့်ကိုယ်ကိုယ် အတော်ယုံကြည်မှုရှိနေပုံပဲ..။ ထားပါ၊ မင်းလုပ်ချင်ရင်လည်း အမြန်လာခဲ့..။ ငါလည်းမင်းကို တစ်ခုပြောလိုက်မယ်..။ မင်းမှာ အခွင့်အရေးတစ်ခုပဲရှိတယ်၊ ဒါကြောင့် မင်းရဲ့ဝှက်ဖဲအားလုံးကို တစ်ခါတည်း ထုတ်သုံးလိုက်၊ မဟုတ်ရင် မင်းမှာ အခွင့်အရေး မရှိတော့ဘူး"
လုမင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"သောက်ကောင်စုတ်လေး၊ သေစမ်း"
ကျိတုန်ထံမှ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများ ပေါက်ကွဲကာ ထွက်ပေါ်လာသည်။ တချိန်တည်းမှာပင် ခရမ်းရောင်အလင်းများ ဖြာထွက်လာခဲ့၏။

"ကျိကျစ်ဓားသိုင်း၊ အရှေ့တက်လှမ်း ဓားတစ်ချက်"
ကျိတုန်က ဓားချက် ထုတ်ဖော်သည်နှင့် နေရာတိုင်းတွင် ခရမ်းရောင်အလင်းများ ပြည့်နှက်သွားခဲ့သည်။

ချက်ချင်းပင် ခရမ်းရောင် ချီစွမ်းအက်များနှင့် ဓားအလင်းဟာ လုမင်ဆီသို့ ပြေးဝင်လာခဲ့တော့သည်။

ဓားအလင်းက အလွန်မြန်ဆန်ပေရာ ကောင်းကင်၌ ပြတ်ရာတစ်ခုပင် ကျန်ရစ်သကဲ့သို့ ထင်ရသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now